မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်နှစ်၂၀ ထပ်မံချ

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကိုင်းတိုင်း မုံရွာခရိုင် တရားရုံးမှ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ် ၂၀ ကို ယနေ့ မေလ ၁၉ရက်တွင် ချမှတ်လိုက်ကြောင်း သိရသည်။

“မနေ့က လျှောက်လဲချက်တင်တယ်။ နောက် နှစ်ပတ်ခွာပြီးတော့ကျမှ အမိန့်ချမယ်လို့ပြောပြီး ချက်ချင်းပဲ ရုံးချိန်းပြန်ချိန်းပြီး ချလိုက်တယ်လို့သိရတယ်” ဟု မုံရွာမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုရှင်းသန့် ကဆိုသည်။

လက်ရှိချမှတ်လိုက်သည့် ထောင်ဒဏ်နှစ်၂၀ဖြင့်ဆိုလျှင် ကိုဝေမိုးနိုင်သည်အမှုပေါင်း ကိုးမှုအတွက် ထောင်ဒဏ်စုစုပေါင်း ၅၄နှစ် အမိန့်ချမှတ်ခံထားရပြီးဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်၂၀၂၁ခုနှစ်အတွင်းက မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် ရဲနှစ်ဦးအသတ်ခံရသည့်အမှုနှင့်ပတ်သက်ပြီး အားပေးအားမြှောက် ပြုလုပ်သည်ဟု ဆိုကာ စွဲဆိုထားသည့် လူသတ်မှုတစ်ခုအတွက်လည်း ထပ်မံရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။

မုံရွာလူထုသပိတ်ကို ရှေ့ဆုံးမှဦးဆောင်သည့် အအသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်သည် ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က စစ်အာဏာရှင်ဆန့် ကျင်ရေးသပိတ်စစ်ကြောင်းကို ဦးဆောင်၍ ဆိုင်ကယ်ဖြင့် လှည့်လည်နေစဉ် စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်၍ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ထောင်ဒဏ် ၅၄နှစ်ဖြင့် မုံရွာအကျဉ်းထောင်တွင် အကျဉ်းကျခံလျက်ရှိနေသည်။ ၎င်းကိုစစ်တပ်က စွဲဆိုထားသည့် ကြီး လေး သောပြစ်မှုများအတွက် လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေများသည်လည်း ခြိမ်းခြောက်ခံရမှုများလည်း ရှိနေကြောင်းသိရသည်။

“အဲဒီအတွက် သူက ရှေ့နေမငှားတော့ဘဲ သူက အစိုးရရှေ့နားငှားဖို့တောင်းဆိုတာတွေ ဥပဒေကြောင်းအရလုပ်ဆောင်တာမျိုးတာတွေ ရှိတယ်လို့ သိရပါတယ်။ အပြင်ရှေ့နေကတော့ တစ်ဖက်ကအကျပ်ကိုင်တာဖြစ်တဲ့အတွက် အဆင်မပြေဘူးဖြစ်နေတယ်” ဟု ကိုရှင်းသန့်ကပြော သည်။

ဖက်ဆစ်စစ်တပ် လက်အောက်ခံ တရားရုံးများမှ နိုင်ငံရေး အကျဥ်းသားအားလုံးအပေါ် ယခုကဲ့သို့ မတရားစွပ်စွဲ အမိန့်ချမှတ်နေခြင်းအပေါ်ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s