မြောက်ဦးမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ဆင်အိုးချေကျေးရွာ ရွာလုံးကျွတ် ပျက်စီး



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ဆင်အိုးချေကျေးရွာ ရွာလုံးကျွတ် ပျက်စီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁၄ ရက်နေ့က မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ဆင်အိုးချေ ကျေးရွာသည် ရွာလုံးကျွတ် ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကျေးရွာနေ ပြည်သူများသည် စားနိပ်ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်လျက်ရှိကြောင်းသိရသည်။ khit thit