မြ၀တီမြို့နယ်တွင် မနေ့ညပိုင်း၌ စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်တွင် မြဝတီမြို့နယ်၊ မဲကနယ်ဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသူ ရှိမရှိ အတည်မပြုနိုင်သေးကြောင်း သိရသည်။

” မနေ့ညပိုင်း မြဝတီမြို့ ၂၇၅ တပ်ထဲကနေ ၁၂၀ မမနဲ့ မဲကနယ်ဘက်ကို လှမ်းပစ်နေတာ ည ၉ နာရီ ၂၀ မိနစ်လောက်မှာ ပထမဆုံး စပစ်တာ မြဝတီ မြို့ထဲထိ မြေတုန်တယ်။ လေယဥ်နဲ့လည်း ဗုံးကျဲတာ ၃ ကြိမ်ရှိပြီး ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s