ရန်ကုန်နှင့် မန္တလေးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် ယနေ့ ညပိုင်း၌ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

မေလ ၁၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး မှော်ဘီမြို့နယ်၊ ပြည်လမ်း မြို့ချောင်း အနီးရှိ အကြမ်းဖက် စစ်တပ် ဂိတ်နှင့် GTC အနီးတစ်ဝိုက်တွင် စစ်သားများ စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ဥပုသ်တော် ရပ်ကွက်၊ ၉ လမ်းနှင့် ၇၃ လမ်း အနောက်ဘက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၈ ရက်နေ့၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s