ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူများလိုက်ပါလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံးဟုဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကြည့်ကန်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူ များလိုက်ပါလာသည့် ယာဉ် သုံးစီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှစ်ဦးထိ သေဆုံးသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားသည်။

မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်တွင် အင်အား ၈၀ ခန့်ပါဝင်သည့် ဖောကား သုံးစီးဖြင့် ဇီးတောပျူရွာမှ ဆင်ချောင်းပျူရွာသို့ ထွက်လာစဉ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ သူတို့သွားရာလမ်းကြောင်းတစ်လျှောက်ကို လက်နက်ငယ်တွေ ပစ်ဖောက်ပြီးတော့ လာတာ၊ အဲ့အချိန်မှာ ကျတော်တို့ ရဲဘော်တွေက အနီးကပ်မိုင်းဆွဲခဲ့တာ ယာဉ် သုံးစီး အတန်းလိုက်ကို နောက် နှစ်စီးက ထိထိမိမိမှန်တယ်၊ နောက်ဆုံး အတည်ပြုလို့ ရတာ ရှစ်ယောက်သေတယ်၊ အဲ့အထဲမှာ ရဲ နဲ့ ပျူတွေ အများဆုံး သေတယ်လို့ သိရတယ်။ ဒဏ်ရာ ရတဲ့သူတွေကလည်း ၁၀ ယောက်ထက်မနည်းရှိတယ်” ဟု ပြော သည်။

ယင်းစစ်ကောင်စီယာဉ်တန်းတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူများသည် မုန်တိုင်းကာလအတွင်း ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများကို အဓမ္မယူဆောင်ခြင်းများ ပြုလုပ်ခဲ့သူများဖြစ်ကြောင်း ရေစကြို ပကဖ တာဝန်ရှိသူက ဆိုသည်။

၎င်းက “ ပျက်စီးဆုံးရှုံးမှုတွေကတော့ သူတို့ စစ်ကြေင်းတစ်လျှောက် ရွာတွေကိုဝင်တယ်၊ နေအိမ်တွေကို မွှေနှောက်ရှာဖွေတယ်။ သူတို့ လိုချင်တာရှိရင်ယူသွားတယ်။ သူတို့ မကြိုက်တဲ့ ပုံစံမျိုးတွေတွေ့ ရင် ဖျက်ဆီးသွားတယ်ပေါ့နော်” ဟု ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ များဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြင်းအထန် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင်များဘက်တွင် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s