ရွှေဘိုမြို့၊ နန်းတော်ရာအတွင်းရှိ စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်မှု ၇ ဦးသေ ဆုံး၊ ကံသာကုန်းကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ နန်းတော်ရာအတွင်း၌ အရက်သောက်မူးယစ်နေသော အကြမ်းဖက်စစ်အုပ်စုအ တွင်းသို့ လက်ပစ်ဗုံး ၂ လုံးပစ်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Snake Eyes- PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့‌မေလ ၁၈ ရက် နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်က နန်းတော်ရာအတွင်း သောက်စားမူးယစ်နေ နေသာ အကြမ်းဖက်စစ်အုပ်စုအတွင်းသို့ အသင့်စောင့်ဆိုင်းနေသော ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ လက်ပစ်ဗုံး ၂ လုံး ဆက်တိုက်ပစ်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၅ ဦးအပြင်းအ ထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ SBDF – B4/C3 နှင့် တန ၂ မဟာမိတ် တပ်ပေါင်းစုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေဘိုမြို့နယ်၊ ကံသာကုန်းကျေးရွာအနီးတွင် စစ်ကြောင်းထွက်လာ သောအကြမ်းဖက်စစ် သား၊ ပျူစောထီး ၁၅၀ ခန့်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရွှေဘိုမြို့နယ် သတင်း မှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ယမန်နေ့မေလ ၁၈ ရက် နံနက်ပိုင်းက ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ၁၅၀ ခန့်သည် ကံသာကုန်းကျေးရွာသို့ စစ်ကြောင်း ထွက်လာစဉ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကံသာကုန်း ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ ပြည်သူ ၄၀ ခန့်ကို ဓားစာခံဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဓားစာခံပြည်သူများကို အသုံးချပြီးကျီးကန်ကျေးရွာ၊ ဘိုတဲကုန်းကျေးရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးလာသော ဓားစာခံပြည်သူ ၄၀ ခန့်အသုံး ပြုကာ ညောင်ပင်သာကျေးရွာ အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ နံနက်ပိုင်းမှ ညပိုင်းအထိ စိုက်ပျိုးရေးသိပ္ပံ ကျောင်းနှင့် ပန်းရံဘက်သို့ သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက်စစ် သား၊ ပျူစောထီးအင်အား ၁၂၀ ခန့်ဖြင့် ညောင်ပင်သာကျေးရွာအတွင်း ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ထိုသို့ ညအိပ်တပ်စွဲစဉ် ဖမ်းဆီးခံ ဓားစာခံပြည်သူ အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားများကို ဆက်လက်ဖမ်းဆီးထားကြောင်း ရွှေဘိုမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s