သရက်ကွ ပျူစောထီးစခန်း လုံခြုံရေးဂိတ်ကို တိုက်ခိုက်မှု ၁၁ ဦးထိ သေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးစခန်း မြောက်ဖက်ရှိ လုံခြုံရေးကင်းစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ဝင်နှင့် ပျူစောထီး ၁၁ ဦးထိ သေဆုံးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

မေလ ၁၇ ရက်နေ့ ညနေပိုင်းလောက်တွင် အင်အား ၁၃ ဦးခန့် ရှိသည့် သရက်ကွပျူရွာလုံခြုံရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ် လက်ယာက ပြောသည်။

“ ဘုန်ကြီးကျောင်းဘုရားထဲမှာ စစ်သားရော ပျူရောဆို ၁၃ ဦးလောက်ရှိတယ်။ အဲ့ဒါကို ဝင်တိုက်တာ၊ ဒီမနက် ပြန်ပြီး အတည်ပြုတဲ့အခါမှာ စစ်သား ကိုးယောက် ပျူ နှစ်ယောက်သေတယ်၊ နှစ်ယောက်တော့ လွတ်သွားတယ်” ဟုပြောသည်။

မြိုင်မြို့နယ်အတွင်းရှိ ပျူစောထီးရွာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့်အတွက် စားနပ် ရိက္ခာကို ပင် ထွက်မယူနိုင်ဘဲ ဖြစ်နေကြသည်ဟု ဗိုလ်လက်ယာက ဆိုသည်။

“ ရိက္ခာတောင်ထွက်မယူရဲဘူး၊ ဟိုနေ့ ကလည်း ရိက္ခာလာပို့တဲ့ကားကို မိုင်းဆွဲပြီး ရိက္ခာတွေ သိမ်းလိုက်သေးတယ်” ဟု ဗိုလ်လက်ယာက ပြောသည်။

လက်ရှိအချိန်တွင် မြိုင်မြို့နယ်အတွင်း အင်အား ၉၀ နီးပါး ပါဝင်သည့် စစ်ကြောင်းတစ်ခုရှိနေပြီး ယင်းစစ်ကြောင်းသည် မနက်မလင်းခင် အချိန်များတွင် ကျေးရွာများကို အလစ်အငိုက် ဝင်ရောက်သည့် ပုံစံမျိုး ဆောင်ရွက်နေသော်လည်း ဒေသကာကွယ်ရေးတပ်များက ပြည်သူတွေကို အချိန်မီ ကယ်ထုတ်နိုင်နေသေးကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း(၁) ၊ တပ်ရင်း (၂) ၊ တပ်ခွဲ (၁) ရင်း(၁ ) ၊ တပ်ခွဲ (၃ )ရင်း(၁)၊ ကိုအောင်ကြီးတပ်ဖွဲ့ နှင့် စက်ြာအဖွဲ့ (ပေါက်) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s