ကသာမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ရွာသား  ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ် ရာရ

စစ်ကိုင်တိုင်း၊ ကသာမြို့နယ်၊ ဧရာဝတီမြစ်အနောက်ခြမ်းက မင်းလယ်ကျေးရွာကို မေ ၁၉ ရက် မနက် ၁၀ နာရီ ဝန်းကျင်လောက် စစ်ကြောင်းထိုးရောက်ရှိလာတဲ့ စစ်ကောင်စီစစ်ကြောင်းက  လက်နက် ကြီး/ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၂ ဦး သေဆုံးပြီး ၃ ပြင်းထန်စွာ ဒဏ်ရာ ရခဲ့တယ်လို့ ကသာမြို့နယ် ပ.က.ဖတာဝန်ရှိသူ တဦးက ပြောပါတယ်။

မင်းလယ်ရွာကို ဝင်လာတဲ့ စစ်ကြောင်းဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ဒေသတွေမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကြောင်းဖြစ်ပြီး မင်းလယ်ရွာကို ရောက်ရှိလာတာဖြစ်ပါတယ်။

ကသာမြို့နယ် ပ.က.ဖတာဝန်ရှိသူက “ရွှေဂူ-ကျောက်ကြီးဘက်ကနေ ဆင်းလာတဲ့ စစ်ကြောင်း။ ကချင်-စစ်ကိုင်းအစပ်တကြော သွားလာနေတာ။ အခု မင်းလယ်ကို ရောက်လာပြီးတော့  လက်နက်ကြီး/ငယ်တွေနဲ့ ပစ်တာ”လို့ပြောပါတယ်။

အသက်ဆုံးရှုံးခဲ့သူ ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ မသိရသေးသလို ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်နိုင်ခြင်း မရှိပါဘူး။

မင်းလယ်ရွာမှာ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိ မိုးတားအောက်နားက ရေနီးရွာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

အဲဒီတပ်သားတွေ မင်းလယ်ရွာကို မရောက်ခင် မေ ၁၈ ရက် မနက် ၉ နာရီ လောက်မှာ မင်းလယ်ရွာနားက ကဒက်ချောင်ရွာ၊ ဘုန်းကြီးကျောင်းမှာ နားချိန် KIA၊ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မင်းလယ်ရွာသားတွေဟာ စစ်ကြောင်းရှိနေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေး နေရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s