ခင်ဦးမြို့နယ် ကံသစ်ကျေးရွာအား စစ်ကောင် စီတပ် မီးရှို့မှုကြောင့် နေအိမ် ၁၇၂ လုံး ပြာကျ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းရှိ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်က မေလ ၁၉ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ မေလ ၂၀ ရက်နေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၇၂လုံး ပြာကျပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

၎င်း စစ်ကြောင်းသည်မေလ ၁၉ ရက်နေ့တွင် ရွှေဘိုနယ်၊ ညောင်ပင်သာ စိုက်ပျိုးရေးကျောင်းမှ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ရွှေဘို မြို့နယ်ရှိ ကံသာကုန်း၊ လိပ်ရကုန်း စသည့်ကျေးရွာများကိုမီးရှို့ခဲ့ပြီး မေလ ၁၉ရက်နေ့ ညနေပိုင်းတွင် အောင်ချမ်းသာရွာ(မကျီးတုံကုန်း) တွင် သုံး အိမ် ၊ ကံသစ်ကျေးရွာတွင် ၁၇၂အိမ် အား မီးရှို့ခဲ့ကြပြီး ယနေ့ မေလ ၂၀ ရက် နေ့လယ်၂နာရီ ၃၀အချိန်တွင် ရေဦးမြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

“ကံသစ်ကျေးရွာပြည်သူအများစုဟာ မထင်မှတ်ဘဲ နံနက်စာတောင် မစားရခင် ထွက်ပြေးရတာပါ။ အဝတ်အစားနဲ့ စားသောက်စရာတွေ ဘာတစ်မှမသယ်ဆောင်နိုင်ဘဲ အသက်ဘေးလွတ်အောင်ပြေးရတယ်။ အကုန်ပါသွားတယ်လို့သိရတယ်” ဟုခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူကပြောသည်။

ကံသစ်ကျေးရွာသည် တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ရွာရှိ နေအိမ်ပေါင်း ၅၀၀ အနက် ၃၀၀ ဝန်းကျင် ပြာကျပျက်စီးခဲ့သည်။

၎င်းစစ်ကြောင်းမှ တပ်သားများသည် မေလ ၁၉ ရက်နေ့တွင် ကံသစ်ရွာအရှေ့ဘက် ဆီဆိုင်အနီး သစ်ပင်အောက်တွင် ဝင်ရောက်နေစဉ် ကာ ကွယ်ရေးတပ်များ၏ မိုင်းနင်းမိခဲ့ပြီး အနည်းဆုံး လေး ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်သားများ၏ အလောင်းများကို ကံသစ်ရွာ ကတ္တရာလမ်းတောင်ဘက် လူနေအိမ်အတွင်းထည့်ကာ သစ်သားများ၊ ထင်းများ ၊တာရာများဖြင့် စနစ်တကျ မီးရှို့ထားခဲ့သည်ကို တွေ့ရကြောင်းဒေသခံတစ်ဦးက ပြောကြားသည်။

ခင်ဦးမြို့နယ်တွင် မေလ ၂၀ ရက်နေ့အထိအကြမ်းဖက် စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာ ၇၄ ရွာအထိ ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမူကြောင့်

အိမ်ခြေ ၅,၀၀၀ ကျော် ပြာကျပျက်စီး၍ အိုးမဲ့အိမ်မဲ့ပြည်သူပေါင်း ၃၀,၀၀၀ ဝန်းကျင်ရှိလာကာ အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့ နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s