ခင်ဦးရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၇၅ လုံး ပြာကျ


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၁၇၅ လုံး ပြာကျခဲ့ကြောင်း ဒေ သပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၉ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်ရှိ အောင်ချမ်းသာရွာမှ ပြည်သူပိုင်နေအိမ် ၃ လုံးနှင့် ကံသစ်ရွာမှ ပြည် သူပိုင် နေအိမ် ၁၇၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ကံသစ်ရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ပျက် စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက ကံသစ်ရွာမှာ တပ်ဆွဲပြီးကို ၂ ရက်ဆက် မီးရှို့သွားတာ ကံသစ်ရွာက နေအိမါ ၁၇၂ လုံး မီးလောင်ပြာကျသွားတယ်။ အောင်ချမ်းသာရွာကတော့ နေအိမ် ၃ လုံး ပြာကျသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခင်ဦးမြို့နယ်ကို အင်အား ၁၀၀ ကျော်ဖြင့် ရွှေဘိုမြို့နယ် ကံသာကုန်း၊ လိပ်ရကုန်း စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးနောက် မေလ ၁၉ ရက်နေ့တွင် ရောက်ရှိလာခြင်းဖြစ်ပြီး ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရေဦးမြို့သို့ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရသည်။ khit thit