စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် ၊ စစ်ကောင်စီတပ်သား နှင့် ပျူစောထီး စုစုပေါင်း ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုကျေးရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သား နှင့် ပျူစောထီး စုစုပေါင်း သုံးဦးသေဆုံးကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူထံက သိရသည်။​

မေ ၁၈ရက် မွန်းလွဲ ၂နာရီက ထိုသို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးစခန်းရှိ လူ သုံးဦးသေဆုံးကာ ခုနစ်ဦးခန့် ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်သည်။

“ အဲ့ဒီအဖွဲ့က အနီးက ကျေးရွာတွေကို ပတ်ပြီး ပစ္စည်းလု ၊ မီးရှို့တာတွေလုပ်တယ်။ ပြီးတော့ ရွာသားတွေကိုလည်း ဖမ်းဆီးငွေညှစ်တာတွေလုပ်တယ် “ ဟု ၎င်းကဆိုသည်။

အဆိုပါ စခန်းတွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ငါးဦးနှင့် ပျူစောထီးအဖွဲ့၀င် ၂၀ ခန့် ရှိပြီး စစ်ကောင်စီတပ်က အနီးရှိ ကျေးရွာများကို စစ် ကြောင်းထိုးပါက ထိုပျူစောထီးများသည် လမ်းပြအဖြစ် စစ်ကောင်စီတပ်ကို ကူညီကြကြောင်း သိရသည်။

ဗုံးသီးချတိုက်ခိုက်မှုအပြီး ပျူစောထီးများကလည်း ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက် မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူကဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Phoenix (SGG)၊ Unicorn Guerrilla၊ Fight For Federal၊ Young Wolf၊ Sadaung Revolution Army၊ အညာသာလေး(SGG)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) နှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည် mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s