စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ငုတ်တိုရွာရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅၀ ခန့်ဖြင့် တပ်စွဲထားသော ညောင်ငုတ်တိုရွာ ပျူစောထီးစခန်းကို ဒရုန်း ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စခန်းဝန်းအတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ စခန်း အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ၄၀ မမ လက်နက်၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေရဲ့ စခန်းဝန်းထဲကို တိတိကျကျ ကျကွဲခဲ့ပါတယ်၊ တကုတ်ကျင်းတွေပတ်ပတ်လည်တူးထား တွေပါ ဒရုန်းကနေမြင်ရတယ်၊ ခွေးသေတော့ အတိအကျ သတင်းမရဘူး၊ ဆားတောင်ရဲစခန်းတုန်းက Error တက်ပြီး ဒရုန်းတစ်စီးပျက်ကျခဲ့လို့ ၂ စီးထဲနဲ့ချခဲ့ရတာ၊ အဲဒီအတွက်လည်း မိဘပြည်သူတွေ အနေ နဲ့ ပြန်လည် အားဖြည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Phoenix (SGG) ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ (Unicorn Guerrilla) Fight For Federal ၊ Young Wolf ၊ Sadaung Revolution Army ၊ အညာသာလေး(SGG) ၊ စစ်ကိုင်းခရိုင် တပ် ရင်း (၇) ၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ khit thit