စစ်ကောင်စီကန့်သတ်ထား၍ မတူပီ မုန်တိုင်းဘေးသင့်ပြည်သူများ အိမ်ဆောက်ပစ္စည်းဝယ်ရန် အခက်ကြုံနေဟုဆို

မိုခါမုန်တိုင်း‌ကြောင့် လေပြင်းတိုက်ခိုက်ခဲ့ပြီး အပျက်အစီးများခဲ့သည့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် စစ်ကောင်စီက လမ်းကြောင်းများ ပိတ်ဆို့ထား၍ အိမ်ဆောက်ပစ္စည်းများ ပြတ်လပ်နေသလို ဝယ်ယူရန်လည်း အခက်ကြုံတွေ့နေကြောင်း ဒေသခံများကပြောသည်။

” အိမ်ဆောက်ပစ္စည်းတွေကလည်းမြို့ပေါ်ဆိုင်တွေမှာဝယ်မရတော့ဘူး။ ကုန်ကားတွေလည်းမဝင်တော့ ဒီတိုင်းပဲ နေနေကြတယ်။အကယ်လို့ မိုးသာထပ်ရွာလာရင်ဘယ်လိုနေရမလဲမသိတော့ဘူး’’ဟု ပလက်ဝမြို့နယ် ဖနိုင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဖနိုင်ကျေးရွာသည် မိုခါမုန်တိုင်းအရှိန်‌လေပြင်း ကြောင့် အပျက်အစီးအလွန်များခဲ့ပြီး အိမ်ခြေပေါင်း၂၅၀ ကျော်ရှိသည့်အနက် ၂၃၀ ကျော်ပျက်စီးခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မတူပီမြို့ပေါ်၌ ဖုန်းလိုင်းတချို့သာအသုံးပြု၍ရပြီး အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ ငွေလွှဲလုပ်ငန်းများလည်းရပ်ဆိုင်းနေသည်ဟု သိရသည်။ ထို့ကြောင့် ဘေးသင့်ဒေသခံများထံသို့ ပြည်တွင်းပြည်ပမှအလှူရှင်များက ငွေလှူ ဒါန်း၍ မရသည့် အခက်အခဲကြုံနေသည်ဟု ဒေသခံများကပြောသည်။

‘’မတူပီမြို့ပေါ်မှာက ငွေလွှဲလုပ်ငန်းတွေနားထားကြတယ်။အခုလည်းတချို့ကပြင်ဆင်ရေးတွေအတွက်ငွေလှူချင်တယ်ပြောထားတာတွေရှိတယ်။ဒါပေမယ့်မတူပီမှာက ပိုက်ဆံရှိရင်လည်း အိမ်ဆောက်ပစ္စည်းဝယ်ဖို့ဘာမှမရှိတော့ဘူးလေ။နောက်ပြီးအရင်ကငွေလွှဲလုပ်ငန်းလုပ်တဲ့သူတွေကိုCDFတွေထောက်ပံ့တယ်ဆိုပြီးဖမ်းဆီးထားတာတွေရှိနေတော့ ငွေလွှဲလုပ်ငန်းလည်းမလုပ်ရဲကြတော့ဘူးဖြစ်နေတယ်’’ဟုလည်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကလည်းဆိုသည်။

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က မိုခါ မုန်တိုင်း‌ဘေး ကြိုတင်ကာကွယ်ရေး လုံလောက်အောင်မလုပ်ခဲ့သလို မုန်တိုင်းအလွန်ကာလ၌ လည်းမြို့အဝင်အထွက်ကို ဆက်လက်ပိတ်ပင်ထားဆဲဟု ဒေသခံများပြောသည်။

” အခုလိုသာ ဆက်ပိတ်ထားရင် မိုးထဲလေထဲပဲ ‌နေရမယ့် ပုံစံရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

“မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ(၁၄)ရက်နေ့က ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဝင်ရောက်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ်ချင်း ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဝင်ရောက်ခဲ့သည်။ မုန်တိုင်းဘေးကြောင့် ချင်းပြည်နယ်တွင် လူနေအိမ် ၁,၇၇၄လုံး၊ ဘာသာရေးအဆောက်အဦ၂၉လုံး၊ ကျန်းမာရေးအဆောက်အဦငါးလုံး၊ စာသင်ကျောင်း ၃၀နှင့် စပါးကျီ၁၉လုံးပျက်စီးခဲ့သည်ဟုကြားကာလချင်းအ မျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က မေ ၁၇ရက်က ရရှိသော စာရင်းကို ထုတ်ပြန်ထားသည်။ ထို့အပြင် မုန်းတိုင်းဘေးသင့်ပြည်သူများအ တွက် အကူအညီများ လိုအပ်နေသည်ဟု ICNCCက အသိပေးထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s