စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကြာ မိသားစုရှိရာ နောက်တန်း မပြန်ရ၍ သင်္ကန်းညီနောင် စစ်ဗျူဟာမှ တပ်ကြပ် တစ်ဦး ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်၍ အဆုံးစီရင်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော် အကြာ မိသားစုရှိရာ နောက်တန်း မပြန်ရ၍ သင်္ကန်းညီနောင် စစ်ဗျူဟာမှ တပ်ကြပ် တစ်ဦး ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်၍ အဆုံးစီရင်သွားကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ၂ နှစ် ကျော်ကြာ မိသားစုရှိရာ နောက်တန်းသို့ မပြန်ရသည့်အတွက် အသက် ၅၃ နှစ် အရွယ် တပ်ကြပ်က မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မိမိကိုယ်ကို သေနတ် ဖြင့် ပစ်၍ အဆုံးစီရင်ခဲ့ကြောင်း၊ ထိုတပ်ကြပ်သည် ရခိုင်လူမျိုးဖြစ်ပြီး ကွယ် လွန်ချိန်တွင် ဇနီး၊ သားသမီး ၂ ဦးကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

“အဲဒီတပ်ကြပ်ကြီးက သင်္ကန်းညီနောင် ဗျူဟာ အနောက်ဘက် တပ်ပိုင် နွား ဝက် မွေးခြံတွင်းမှာ သူ့ဟာသူ အဆုံး စီရင်တယ်။ မေလ ၁၉ ရက်နေ့မှာ မိသားစုရောက်လာမှ ၄ ရက်ထားပြီးမှ သင်္ကန်းညီနောင် သင်္ချိုင်းမှာ အမိန့်ပြန် သဂြိုလ်တယ်။ သူလုပ်ရတာက တပ်က နွားနို့တွေလိုက်ပို့တယ်။ အနေ အထိုင် အေးဆေးသူဖြစ်ပြီး အထက်ကဖိအားတွေ၊ အလုပ်မနားရတာတွေ၊ သူ့အောက် မှာ ခိုင်းစရာ လက်အောက်ရဲဘော်မရှိတော့သဖြင့် နွား ဝက်ခြံ တွင် အလုပ် ဒိုင်ခံလုပ်ရတယ်။ ညပိုင်းကင်းစောင့်ရတယ်။ မိသားစုထံ မပြန်ရတာ ကြာ တော့ နေမပျော်ဘူးဆိုပြီး ညဉ်းတယ်။ အရင်အပတ်က အထက်အရာရှိ နဲ့ စကား များပြီး အရာရှိကို ပစ်သတ်မယ်လုပ်လို့ ပြဿနာတက်တယ်။ သတင်း ကတော့ အပြင်မထွက်အောင် တိုးတိုးတိတ်တိတ်လုပ်ထားတာ” ဟု တပ် သတင်းရင်းမြစ်က ပြောသည်။

လက်ရှိ စစ်တပ် တပ်ရင်းတပ်ဖွဲ့များတွင် အင်အားမလုံလောက်ခြင်းကြောင့် အရာရှိ နှင့် စစ်သည်များ ခွင့်ပြန်ခြင်း၊ ကိုယ်ရေးကိုယ်တာကိစ္စအကြောင်းပြ၍ တပ် အပြင်ထွက် ခွင့် တောင်း ခြင်း ၊ မိသားစုထံ သွားလည်ရန် တင်ပြခြင်းများ ကို ပိတ်ပင်ထား ကြောင်း၊ ခွင့်ယူ၍ တပ်ပြေးမှုများ မြင့်တက်နေ၍ ယင်းသို့ ပိတ်ပင် ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s