ဆားလင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့ပေါ် တွင် ကင်းပတ်နေသော စစ်ကောင်စီတပ်သားများကို မေလ ၁၈ ရက် ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MRDA တပ်ဖွဲ့ထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MRDA သတင်းနှင့် ပြန်ကြားရေးက ပြောသည်။

“ ၄၀ မမ ဗုံးသီး သုံးလုံးနဲ့ ကင်းပတ်ရင်း အိမ်ထောင်စုဇယား စစ်နေတဲ့ စစ်သား(စစ်ကောင်စီတပ်သား)တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ဆားလင်းကြီးတပ်ခွဲ နှင့် MRA တပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဆားလင်းကြီး မြို့ပေါ်တွင် ပတ်ကင်းလှည့်ပြီး ပြည်သူများ၏ အိမ်ထောင်စု ဇယားများကို ရှောင်တခင် ဝင်စစ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်ကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s