မိုခါမုန်တိုင်းသင့် ရခိုင်ဒေသအတွက် အိန္ဒိယက သင်္ဘော ၄ စီးဖြင့် တင်ဆောင်လာသည့် ကယ် ဆယ်ရေးပစ္စည်းများ လှူဒါန်း

မုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံက သင်္ဘောလေးစီးဖြင့် တင်ဆောင်လာသည့် ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများကို စစ်ကောင်စီမှ တဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

အိန္ဒိယရေတပ်သ‌င်္ဘောများဖြစ်သည့် INS Shivalik၊ INS Kamorta နှင့် INS Savitri တို့မှာ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်း စုစုပေါင်းတန်ချိန် (၄၀)တန်ခန့်ကို မေလ (၁၈) ရက်နေ့တွင် တင်ဆောင်လာခဲ့ကြောင်း ရန်ကုန်ရှိ အိန္ဒိယနိုင်ငံသံရုံးက ယနေ့ မေလ ၁၉ ရက်နေ့တွင် ထုတ်ပြန် သည်။

ပထမဆုံးရောက်ရှိလာသည့် ကယ်ဆယ်ရေး ဆိုင်ရာပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Shri Vinay Kumar မှ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ ထိုနေ့ကပင် အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် စတုတ္ထ အိန္ဒိယရေတပ်သ‌င်္ဘောဖြစ်သည့် INS Gharial မှာမူ ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းများအပြင် အရေးပေါ်ဆေးဝါးများနှင့် ဆေးပစ္စည်များ ကို ယနေ့ မေလ ၁၉ တွင် တင်ဆောင်လာခဲ့ကြောင်း သိရသည်။

မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် မြန်မာပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် သဘာဝဘေးအန္တရာယ် ကယ် ဆယ်ရေးဆိုင်ရာပစ္စည်းများ ကူညီမှုကို ကရုဏာစီမံချက်ဖြင့် မေလ ၁၈ရက်တွင် စတင်ခြင်းဖြစ်ကြောင်း အိန္ဒိယသံရုံးက ပြောထားသည်။

အဆိုပါ သင်္ဘောလေးစီးဖြင့် သယ်ဆောင်လာသည့် ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများတွင် အရေးပေါ်အတွက်အသုံးပြုရန် မရှိမဖြစ်လိုအပ်သော အသုံးအဆောင်များဖြစ်သည့် စားနပ်ရိက္ခာများ၊ လူသုံးကုန်များပါဝင်သည့်သေတ္တာ ၁၄ လုံး နှင့်အတူ ဆေးသေတ္တာ ၁၆ လုံး ပါဝင်ကြောင်း သိရသည်။

စားနပ်ရိက္ခာများတွင် အသင့်စားခေါက်ဆွဲခြောက်၊ ဆန်၊ နို့မှုန့်၊ သောက်သုံးရေ၊ အသင့်စား အစားအစာများ၊ အဟာရပြည့် ဘီစကွတ်၊ စားသုံးဆီ၊ သကြား၊ ငါးသေတ္တာဗူးများ၊ အသားဗူးများ၊ လဘက်ရည်၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်များ စသည်တို့ပါဝင်ကြောင်း ဖော်ပြထားသည်။

လူသုံးကုန်ပစ္စည်းများတွင်လည်း တာပေါ်လင်စများ၊မိုးကာတဲများ၊ အစွန်းချွတ် ပေါင်ဒါမှုန်များ၊ ပိုးသတ်ဆေးရည်များ၊ ဆပ်ပြာတုံးများ၊ အ ဝတ် လျှော်ဆပ်ပြာမှုန့်များ၊ တစ်ကိုယ်ရည်သုံး ကျန်းမာရေး ပစ္စည်းများ၊ အမျိုးသမီးသုံး ကျန်းမာရေး ပစ္စည်းများ၊ ချိုင်းထောက်များ၊ ဘီးတပ်ထိုင်ခုံများ၊ လွှစက်များ၊ ရေငုပ်ကရိယာများ၊ မျက်နှာသုတ်ပုဝါများ၊ ရှပ်အင်္ကျီများ၊ စောင်များ၊ ခြေညှပ်ဖိနပ်များ၊ စက်သုံးဆီပေပါများ၊ နေ ရောင်ခြည်သုံးမီးအိမ်များ၊ ရွှေ့ပြောင်းနိုင်သောမီးစက်များ၊ ရေစုပ်စက်များ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ထိုပစ္စည်းများအားလုံးကို ရခိုင်ပြည်နယ်သို့ လေယာဉ်ဖြင့် ချက်ခြင်းသယ်ပို့ပေးပြီး မုန်တိုင်းဒဏ်ထိခိုက် ခံစားရသည့် လူမှုအသိုင်းအဝန်းများကို ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း အိန္ဒိယသံရုံးက ဆိုထားသည်။

မိုခါမုန်တိုင်းပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ပိုင်းတွင် လူဦးရေ ၁၅၀,၀၀၀ ခန့် မုန်တိုင်းဒဏ်ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည်ဟု ခန့်မှန်းရကြောင်း UN OCHA Myanmarက မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s