မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေ ဆုံးပြီး ရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ မူးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦးသေဆုံးပြီး ရွာ ၉ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၉၉ ၊ ခမရ-၅၉၀ ၊ တပ်မ-၄၄ နှင့် ခလရ-၄၈ တပ်ပေါင်းစုသည် ကေအဲန်ယူ-မူးမြို့နယ်ရှိ စဝေ၊ ကျွန်းတောကျေးရွာ အတွင်းသို့ ဝင်ရောက်ရန်အတွက် လက်နက်ကြီး ၂၅ လုံးကို စဝေ၊ ကျွန်းတောကျေးရွာ အတွင်းသို့ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့အပြင် ညောင်ပင်သာကျေးရွာတွင်းသို့ လက်နက်ကြီး ၅ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ အတွင်း နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မောင်မင်းရဲဆက်သည် လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက် ၄၇ နှစ်အရွယ် မလှစန်းနှင့် အသက် ၁၈ နှစ်အရွယ် မောင်မြင့်မြတ်သူတို့လည်း လက်နက်ကြီးထိမှန်ကာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကုသမှု ခံယူနေရပြီး စဝေ၊ ကျွန်းတော ကျေးရွာမှ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ရပြီး အကြမ်းဖက် စစ်တပ်က လက်ရှိချိန်ထိ ကျေးရွာအတွင်း၌ တပ်စွဲထားကြောင်း သိရသည်။

မေလ ၁၆ ရက်နေ့ကလည်း ခလရ-၆၀ မှ နှောင်ကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၆ လုံး နှင့် မေလ ၁၇ ရက်နေ့တွင် တောင်စုကျေးရွာ အတွင်းသို့လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော စဝေ၊ နှောင်ကုန်း၊ တောင်စု၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်း၊ တပ်ကုန်းနှင့် ညောင်ပင်သာ စသည့်ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၃၉၉၁ ဦး အသက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထား သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s