ရွှေဘို၊ ညောင်ပင်သာရွာတွင် ဖောက်ထွင်းခိုးယူမီးရှို့ဖျက်ဆီးသော စစ်တပ်ကို လက်နက် ကြီး များဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို ဖောက်ထွင်းခိုးယူကာ မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို လက်နက်ကြီးများဖြင့် တိုက် ခိုက်ခဲ့ကြောင်း KDF – Khin U Dog Killers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

မေလ ၁၈ ရက်နေ့က ညောင်ပင်သာကျေးရွာအနီးရှိ စိုက်ပျိုးရေးသိပ္ပံ ကျောင်း အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများ သည် အင်အား ၁၅၀ ခန့်ဖြင့် ကံသာကုန်းကျေးရွာကို စတင်ဝင် ရောက်စဉ် ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက်ကံသာကုန်းကျေးရွာ အတွင်းမှ ပြည်သူ ၅၀ ခန့်ကို ဓားစာခံဖမ်းဆီးပြီးညောင်ပင်သာ ကျေးရွာဘက် သို့ စစ်ကြောင်းထွက်လာခဲ့ ကြောင်း သိရသည်။

“စစ်ခွေးတွေ ညောင်ပင်သာကျေးရွာထဲမှာ ရှိတဲ့အချိန်ဆော်ခဲ့တာ၊ ကျနော်တို့ အဖွဲ့ တွေဘက်ကတော့ အထိအခိုက်မရှိပါဘူး၊ စက်လက်တွေ၊ လက်နက်ငယ် တွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်၊ ကျနော်တို့ ရဲ ဘော်တွေ ထိခိုက်တာမရှိပါဘူး၊ ခွေးတွေ သေဆုံး ထိခိုက်တာ မသိရသေးဘူး၊ ဒီနေ့ မနက်တော့ စစ်ခွေးတွေ ညောင်ပင်သာရွာထဲကနေ ပြန်ထွက်သွားတယ်၊ ညနေပိုင်း တော့ ကံသစ် ကျေးရွာ ကို မီးရှို့နေတယ်၊” ဟု KDF – Khin U Dog Killers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် လွန်ခဲ့သော ၂ နှစ်ခန့်စတင်ပြီး ညောင်ပင်သာကျေးရွာ အနီးရှိစိုက်ပျိုးရေး သိပ္ပံကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးဖြစ်ကြောင်း၊ ဓားစာ ခံဖမ်းဆီးခံရသော ကံသာကုန်းကျေးရွာမှ ပြည်သူအမျိုးသမီးများကို ယမန်နေ့က ပြန်လွှတ်ပေးခဲ့ သော် လည်း အမျိုးသားများမှာမူ ညောင်ပင်သာကျေးရွာအထိ ဖမ်းဆီးခေါ် ဆောင် ခံရပြီး ငွေကျပ် ၁၈ သိန်းဖြင့် ရွေးယူခိုင်းကြောင်း သိရသည်။

စစ်တပ်က ညောင်ပင်သာကျေးရွာအတွင်း ဝင် ရောက်စဉ် နေအိမ်၊ ဈေးဆိုင် များအတွင်းမှ တန်ဖိုးရှိ ပြည်သူ ပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူကာ နေ အိမ်၊ ဈေးဆိုင်၊ ဆိုင်ကယ် ၃ စီး၊ ထော်လာဂျီတစ်စီးတို့ကို မီးရှို့ဖျက် ဆီးခဲ့ သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို KDF – Khin U Dog Killers တပ်ဖွဲ့၊ Black Eagle Local PDF (Khin U)၊ TTA – People Defense Force (Shwebo) နှင့် အခြားသောမဟာမိတ်အဖွဲ့များပူးပေါင်းကာ ၆၀ မမ၊ ၉၀ မမ လက်နက် ကြီးများကို အသုံးပြုကာ နှစ်ဆင့်ကွဲ၊ ကျကွဲ ဗုံးသီးများဖြင့် တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s