Monthly Archives: May 2023

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ကျေးရွာများ ထောက်ပံ့မှုအနည်းအကျဥ်း​သာ ရရှိ​သေး

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်​ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့သည့် ​ကျေးရွာများမှာ လက်ရှိ အချိန်အထိ ​ထောက်ပံ့မှုအနည်းအကျဥ်း​လောက်သာရရှိ​​သေးပြီး စားနပ်ရိက္ခာနှင့် ​သောက်သုံး​ရေ အခက် အခဲများဖြစ်​ပေါ်​နေ​ကြောင်း ​မြေပြင်တွင် အကူအညီ​ပေး​နေသည့်အဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် စားနပ်ရိက္ခာခက်ခဲ​နေ​သော​နေရာများ၌ စစ်​ကောင်စီ၏လှုပ်ရှားမှုများကို မ​တွေ့ရ​သေးသကဲ့ သို့ နိုင်ငံတကာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၏ထောက်ပံ့မှုမှာလည်း အနည်းအကျဥ်းသာရရှိ​သေး​ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက်(CAN) မှ Coordinator ကိုခိုင်က​ပြောသည်။

“​​မြေပြင်​အောက်​ခြေကို ​ရောက်နိုင်တဲ့အ​နေအထား​တော့ မ​တွေ့ရ​သေးဘူး။ အဖွဲ့အစည်း​တွေ data assessment တို့ဘာတို့​ကောက်​နေတဲ့ အ​နေအထားပဲရှိ​သေးတယ်။ response က ​တော်​တော်​လေးနည်း တယ်​ပြောလို့ရတယ်။ ​နောက်ကျ​နေပြီ။ တော်​တော်​လေး ​နောက်ကျ​နေပြီ။ အရေး​ပေါ်လိုအပ်တဲ့အ​နေ အထားကို သေ​သေချာချာ​​ရောက်​အောင်လုပ်နိုင်တဲ့အ​နေအထား​တော့ ကျွန်​တော်တို့ သိပ်မ​တွေ့ရ​သေး ဘူး။ အခုသွားပြီး​​ပေး​နေတဲ့ ကျွန်​တော်တို့လိုအဖွဲ့အစည်း​တွေ၊ Local CSO​ တွေ သွား​ပေး​နေတဲ့ဟာ​​လေး တွေတော့ရှိတယ်။ ဒါ​ပေမဲ့ အဲ့ဒီဟာ​လေးနဲ့တော့ သိပ်​ပြောပလို့မရနိုင်​သေးတဲ့ အ​နေအထားလို့​ပြောလို့ရ တယ်” ဟု ဆိုသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါ​ကြောင့် ရ​ခိုင်ပြည်နယ် ရ​သေ့​တောင်၊ ဘူးသီး​တောင်၊ ​မောင်​တော၊ စစ်​တွေ၊ ပုဏ္ဏားကျွန်း၊​ ကျောက်​တော်စသည့်မြို့ နယ်တို့တွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ​မြောက်ဦးနှင့် မင်းပြား မြို့နယ်တို့တွင်လည်း မုန်တိုင်းဒဏ်ခံခဲ့ရ​ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်(CAN) က​ပြောသည်။

စစ်​ကောင်စီကမူ မိုခါမုန်တိုင်းဒဏ်​ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သည့် ရခိုင်ပြည်နယ်တွင် ပြန်လည်ထူ​ထောင်​ရေးအတွက် ကျပ်သိန်း ၇၀,၀ ၀၀​ထောက်ပံ့ထားသကဲ့သို့ အရန်ဆန် တန် ၃,၀၀၀ ကို စစ်သင်္ဘော၊ အရပ်ဘက်ကုန်တင်သင်္ဘောများဖြင့် ​ပေးပို့လျက်ရှိ​ကြောင်း ပြောဆိုထား သည်။

ထို့ပြင် ​မေလ ၁၈ ရက်​နေ့က အိန္ဒိယ​ရေတပ်မှ စစ်​ရေယာဥ်သုံးစီးဖြင့်တင်​ဆောင်လာသည့် ကူညီကယ် ဆယ်​ရေးပစ္စည်းများနှင့် စား​သောက်ဖွယ်ရာများကို ​မုန်တိုင်းသင့်​ဒေသများသို့ အမြန်ဆုံး​ရောက်ရှိ​စေ​ရေး ထိုနေ့ည​နေပိုင်းတွင် စစ်​လေယာဥ်ဖြင့် စစ်​တွေမြို့သို့ ဆက်လက်ပို့​ဆောင်ပြီး အမြန်ဆုံးဖြန့်​ဝေနိုင်​ရေး စီစဥ်​နေ​ကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရ​သေ့​တောင်နှင့် ​ပေါက်​တောမြို့နယ်တို့ရှိ ကျေးရွာများအပါအဝင် မြို့နှင့်​ဝေးသည့် ကျေးရွာ များ၌ စားနပ်ရိက္ခာ၊ သောက်သုံး​ရေ၊ အမိုးအကာ လိုအပ်ချက်အခက်အခဲများရှိ​နေ​သော်လည်း မည်သည့် ထောက်ပံ့မှုမှမရရှိ​သေး​ကြောင်း မေတ္တာ​ရောင်ခြည်​ဖောင်​ဒေးရှင်းအဖွဲ့က​လည်း ပြောသည်။

“မြို့နဲ့​ဝေးတဲ့​နေရာ​တွေမှာ တအား အခက်အခဲဖြစ်တယ်။ ဆန်တို့ ဆီတို့ စား​သောက်ကုန်​တွေကိုလည်း လွယ်လင့်တကူ ဝယ်လို့မရဘူး။ သူတို့နဲ့က

အလှမ်း​ဝေးတယ်ဆို​တော့ ​တော်​တော်​လေး ဒုက္ခ​ရောက်တယ်။ အဲ့ဒီ​နေရာ​တွေကို​တော့ ကျွန်​တော်တို့ ​ဖောင်​ဒေးရှင်းအ​နေနဲ့ သွား​ရောက်လှူဒါန်း​နေတာရှိပါတယ်။(စစ်​ကောင်စီက) မြို့​ပေါ်မှာ​တော့ မုန်တိုင်းမဖြစ်ခင်က စခန်း​တွေကိုပတ်ပြီး ဆန်အိတ်​ပေးတာ​တော့ရှိတယ်။ အခု​တော့ ဘာမှ

မကြား​သေးဘူး”ဟု အဆိုပါ ဖောင်​ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လက်ရှိတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့်​ကျေးရွာများတွင် ဝမ်း​ရောဂါစသည့် နောက်ဆက်တွဲ ကျန်းမာ​ရေး ပြဿနာများကို​တွေ့လာရပြီး အ​ခြေခံဆေးဝါးလိုအပ်ချက်လည်းရှိ​နေကြောင်း ​မြေပြင်တွင် ကူညီ​နေသည့် အဖွဲ့များက​ပြောသည်။

“အခု​နောက်ပိုင်းကြားတာ​တော့ ကန့်သတ်တာတို့ဘာတို့​ အများကြီးကြား​နေရတယ်။ ဆို​တော့ အထူး သဖြင့် နိုင်ငံတကာအဖွဲ့အစည်း​တွေအ​နေနဲ့​တော့ အဲ့ဒီအကျပ်အတည်းက အနည်းအများက​တော့ ရှိလာ မှာပါ။ အဲဒီလိုဆိုရင် အချိန်က ပိုပြီးကြာသွားနိုင်တယ်။ ဒီဟာက လူသားချင်းစာနာ​ထောက်ထားမှုဆို​တော့ နိုင်ငံ​​ရေး​တွေအများကြီးပါလာရင် လူ​တွေပိုပြီးဒုက္ခ​​​ရောက်မယ်” ဟု ACN မှ Coordinator ကိုခိုင်ကဆို သည်။

မေလ ၁၄ ရက်​နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ​ကြောင့် ရခိုင်ပြည်နယ်တွင် လူ ၁၄၅ ဦး​သေဆုံးခဲ့​ကြောင်း စစ်​ကောင်စီက ​မေလ ၁၉ ရက်​နေ့တွင် ထုတ်ပြန်ထားသည်။ mizzima

စစ်ကိုင်းမြို့နယ်၊ ပဒူရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ရွာ ၈ ရွာမှ ပြည်သူထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်း ဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၁ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းတပ်မှ ၃၃ မှ အင်အား ၁၀၀ ခန့်ဖြင့် ပဒူကျေးရွာ ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကြောင်းကို နံနက် ၁၁ နာရီခန့်မှ စတင်ပြီး ပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့များက တိုက် ခိုက်ခဲ့ရာ အပြင်းအထန်တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများ အပြားထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

“တိုက်ပွဲက ပဒူရွာတောင်ဘက် ‌ရွှေတိဂုံဘုရားအနီးမှာ တိုက်ပွဲကဖြစ်ကြတာ။ ကျနော်တို့ဘက်ကနေ ခွေး တွေကို လက်နက်ကြီးတွေနဲ့ပစ်တယ်၊ လက်နက် ငယ်တွေ နဲ့လည်း ထိပ်တိုက်ပစ်ခတ်တယ်။ ဝေဟင် က နေ လည်းဒရုန်း အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ခွေးတွေဘက်ကတော့ အထိခိုက်များနိုင်မယ်။အ‌ရေအ တွက် အတိကျတော့ မသိရသေးဘူး။ ကိုယ်ဘက်ကတော့ ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ တယ်။ အ ခု တော့ ဆေးကုသမှုပေးထားလို့ အခြေ အနေ တော်တော်သက်သာနေပြီ” ဟု ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပဒူကျေးရွာသည် အိမ်ခြေ ၁၃၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ပြီး တိုက်ပွဲ အတွင်းသို့ ပဒူနယ်မြေရဲ စခန်းမှလည်း စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှု ကြောင့် စစ်ကိုင်း မြို့နယ်မြောက် ခြမ်းရှိ ကျေးရွာများဖြစ်သော စာရေး အရှေ့ရွာ၊ စာရေး အနောက်ရွာ၊ ကျောက် ပနန် ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ပဒူကျေးရွာ၊ ခက်ခ အရှေ့ရွာ၊ ခက်ခ အနောက်ရွာတို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရ ကြောင်း သိရသည်။ khit thit

ကျောက်တော်နှင့် ရသေ့တောင်တွင် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ အကူအညီ အရေးပေါ်လိုအပ်နေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာမှာ မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့လို့ အိမ်ခြေ ၁၀၀၀ ကျော်ထိခိုက်ပျက်စီးသွားပြီး အရေးပေါ်အကူညီတွေလိုအပ်နေသလို  ရသေ့တောင်မြို့နယ်မှာလည်း မုန်တိုင်းဘေးဒုက္ခသည်တွေ အမိုးအကာတွေ အရေးပေါ် လိုအပ်နေပါတယ်။

မေ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှာ ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားပြီး အိမ်ခြေ ၁၂၉ လုံးကတော့ လုံးဝ သုံးလို့မရတော့အောင်ပျက်စီးသွားတယ်လို့ အပေါက်ဝလူငယ်အစည်းရုံးရဲ့ ဒုဥက္ကဋ္ဌ မအေးမြတ်မော်က ပြောပါတယ်။

နေအိမ်ပြိုကျပျက်စီးသွားတဲ့ သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရပြီး အမိုးအကာတွေလန်ကာ တစိတ်တပိုင်း ပျက်စီးသွားတဲ့ နေအိမ်တွေမှာတော့ မိုမရွာရင် အဆင်ပြေပေမဲ့  မိုးရွာလာရင်နေစရာနေရာမရှိဘူးလို့ ဆိုပါတယ်။

“မုန်တိုင်းတိုက်ခတ်ပြီး တပတ်လောက်ကြာသွားပေမဲ့၊ ကျမတို့ ကျေးရွာကို ဘယ်အဖွဲ့စည်းတွေမှ လာရောက်ကူညီတာမရှိသေးဘူး။ နေအိမ်တွေကိုလည်း မိုးကာစတွေနဲ့ ကိုယ်ထူကိုယ်ထ ပြုပြင်နေကြရတယ်”လို့ မအေးမြတ်မော်က ပြောပါတယ်။

မုန်တိုင်းဒဏ်ကြောင့် စားနပ်ရိက္ခာတွေလည်း မိုးရေတွေစိုပြီး ပျက်စီးသွားတဲ့အတွက် စားရေးသောက်ရေး အရမ်းအခက်ခဲဖြစ်နေလို့ သက် ဆိုင်ရာတာဝန်ရှိသူတွေ၊ NGO/INGO အဖွဲ့စည်းတွေအနေနဲ့  အမြန်ဆုံးလာရောက်ကူညီစေချင်တယ်လို့လည်း ပြောပါတယ်။

မုန်တိုင်သင့်ပြည်သူတွေအတွက် မိုးကာ၊ စောင်၊ ခြင်ထောင်၊ အဝတ်ထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်မှာလည်း မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများပြီး အမိုးအကာပစ္စည်းနဲ့ အစားအသောက်တွေ အရေးပေါ်လိုအပ်နေတယ်လို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့မှာ အဆောက်အအုံကြီး၊ အုတ်တံတိုင်း၊ အစိုးရဌာနဆိုင်ရာ အဆောက် အအုံတွေ ပြိုကျပြီး မြို့ရဲ့ ၉၅ ရာခိုင်နှုန်း ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

မုန်တိုင်းရှောင်ဒုက္ခသည်တွေဟာ စာသင်ကျောင်း ၃ ကျောင်းမှာ နေထိုင်နေပြီး လူနေအိမ်တွေ ပြန်လည် ပြုပြင်ဖို့ အမိုးအကာ၊ သွပ်၊ တာပေါလင်စတွေ အဓိက လိုအပ်နေပါတယ်။

မြေပြင်ကယ်ဆယ်ရေးအဖွဲ့ဝင် ကိုစိုးလွင်က “ အခုလက်ရှိတော့ ကျနော်တို့နဲ့အတူ မင်းဘူးမီးသတ်ဘက်ကအဖွဲ့တွေလည်းရောက်နေတယ်။ အမိုးအကာနဲ့အကူအညီ ပစ္စည်းတွေက တော့ အများကြီး လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်မှာ သေဆုံးသူတွေရှိနေပြီး သေဆုံးသူ စာရင်းအတိအကျ မသိရသေးဘူးလို့ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်ကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသအဖြစ်ကြေညာပြီး ကူညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာရှိသလို  ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA ကလည်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီဖွဲ့စည်းပြီး ကူညီဆောင်ရွက်နေပါတယ်။

မုန်တိုင်းဘေးကူညီပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ် သိန်း ၁၀၀၀၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)က ကျပ် သိန်း ၃၀၀၀၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်)ကကျပ် သိန်း ၁၀၀၀၊   ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA) က ကျပ် သိန်း ၅၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် အမေရိကန်၊ ဗြိတိန်၊ စင်ကာပူ၊ ထိုင်း၊ အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မုန်တိုင်းဘေးသင့် မြန်မာပြည်သူတွေအတွက် အကူအညီပေးဖို့ လုပ်ဆောင်နေကြပါတယ်။ DVB

မုန်တိုင်းအလွန် စစ်တွေမြို့၌ လျှပ်စစ်မီးမရသဖြင့် ဖုန်းတစ်လုံး ကျပ် ၁၀၀၀ ဖြင့် အားဖြည့်နေရ

ရခိုင်ပြည်နယ်ကို ဗဟိုပြု​တိုက်ခတ်သွားတဲ့ အင်းအားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့မှာ လျှပ်စစ်မီးတွေပြတ်နေပြီး  ဖုန်းတစ်လုံးကို ကျပ် ၁၀၀၀ ပေးပြီး  ဘက်ထရီ အားသွင်းနေကြရကြောင်း စစ်တွေဒေသခံတွေထံက သိရပါတယ်။

စစ်တွေဒေသခံတဦးက “လျှပ်စစ်မီးမရတော့ ဖုန်းအားက မရှိဘူးလေဗျ။ အခုလို မီးစက်နဲ့ ဖုန်းအားဖြည့်ပေးနေကြတာတောင် ကျေးဇူးတင်ရမှာပါ။ ဖုန်းတစ်လုံးကို ၁၀၀၀ ကျပ်ပေးရတယ်။ power bank တစ်လုံးကို ၂၀၀၀ ကျပ်ပေးရတယ်”လို့ ပြောပါတယ်။

မေလ ၁၄ ရက်မှာ မိုခါမုန်တိုင်းဟာ  စစ်တွေမြို့ကို ဗဟိုပြုတိုက်ခတ်သွားတာဖြစ်လို့ တမြို့နယ်လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရပြီး လျှပ်စစ်မီးပါပြတ်တောင်နေတာပါ။

ဒေသခံတဦးက “လျှပ်စစ်မီးမရတော့ မီးလုံး၊ မီးသီးတွေကအစ ငွေပေးပြီးအားဖြည့်နေကြရတာပေါ့။ မဖြည့်လို့လည်းမရဘူးလေ။ ညအချိန်ဆို မီးမရှိရင် ဘယ်လိုမှအဆင်မပြေနိုင်ပါ။ မီးသီးတစ်လုံးကို ၁၀၀၀ ကျပ် ပေးရတယ်။ ဒီလိုအားဖြည့်ပေးတဲ့သူတွေရှိတာတောင် ကျေးဇူးတင်ရမှာပါ။ လျှပ်စစ်မီးရဖို့က တလကျော်လောက်တောင်ကြာမယ်ထင်ပါတယ်”လို့ ပြောပါတယ်။

စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ပြည်မဘက်က လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား အယောက် ၁၀၂၀ လောက်နဲ့ ဆောင်ရွက်နေတယ်လို့  ရခိုင်ပြည်နယ်စစ်ကောင်စီက မေလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ DVB

ရခိုင်ပြည်နယ်တွင် အမြတ် အဆမတန်ယူ၍ ရောင်းချသည့် လုပ်ငန်းရှင်များကို AA က ခေါ်ယူ စစ်ဆေးနေ

ရခိုင်ပြည်နယ် အတွင်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် အမြတ် အဆမတန်ယူ၍ ရောင်းချနေသူများသည့် လုပ်ငန်းရှင်များကို AAက ခေါ်ယူ စစ်ဆေးနေကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဈေးတင်ရောင်းချသည့် ကျောက်တော်မှ လုပ်ငန်းရှင် ၁ဦး၊ ပုဏ္ဏားကျွန်းမှ လုပ်ငန်းရှင် ၂ဦးနှင့် စစ်တွေမှ လုပ်ငန်းရှင် ၄ဦး တို့ကို ULA/AA ကခေါ်ယူကာ သတိပေးမှုများရှိကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ၂ရက် အကြာမှ စကာ ဈေးအဆမတန်ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ချို့ကို ULA/AAက ခေါ်ယူသတိပေးကား ဈေးတင်မရောင်းဖို့ ခေါ်ယူသတိပေးမှုများရှိခဲ့သည်ဟု ULA/AAနှင့် နီးစပ်သူများထံမှ သိရသည်။

ULA/AAက‌ ခေါ်ယူ တွေ့ဆုံ သတိပေးခဲ့သည့် လုပ်ငန်းရှင်များသည် အိမ်ဆောက်ပစ္စည်းအရောင်း အဝယ်လုပ်ကိုင်သူများဖြစ်ပြီး လျှပ်စစ်ပစ္စည်း ရောင်းချနေသူများလည်း ပါဝင်ကြောင်း၊ သွပ်ပြားနှင့်သွပ်မိုးသံမှိုကို ဈေးအဆမတန်ရောင်းချသူကို ULA/AA က ခေါ်ယူသတိပေးသည်ကို ကြားသိရပြီး ယင်းဆိုင်တွင် လက်ရှိကုန်ပစ္စည်းဝယ်ယူ၍ မရတော့ကြောင်း စစ်တွေ‌မြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်အတွင်း မြို့အားလုံး၏ ဈေးကွက်တွင် သွပ်ပြားနှင့်သံမှိုသည် အရှားပါးဆုံးနှင့်ဝယ်ယူရ ခက်ခဲလျက်ရှိရာ တစ်ချို့က ပုံမှန်ထက် ၈ ဆ ထိတင်ကာ ရောင်းချနေကြပြီး တစ်ချို့မှာလည်း ပုံမှန်ဈေးအတိုင်း ရောင်းချနေသူများရှိသလို ပုံမှန်ဈေးထက် တစ်ဝက်လျော့ကာ ရောင်းချနေသူများလည်း ရှိကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များသည့် နေအိမ်အဆောက်အဦး ၉၀ရာခိုင်ကျော် အထက်ပျက်စီးခဲ့ကာ ကျန်မြို့နယ်အားလုံးမှာလည်း မုန်တိုင်းဒဏ်ကို အနည်း၊ အများခံစားနေကြရဆဲဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် လုပ်ငန်းရှင်များအနေဖြင့် မုန်တိုင်းကြောင့် ပြည်သူများ အခက်ကြုံနေချိန် လုပ်ငန်ရှင်များအနေဖြင့် ကုန်ပစ္စည်းများကို ဈေးတင်မရောင်းကြဖို့ မုန်တိုင်းအလွန်တွင် သတိပေး ပြောကြားခဲ့ကြောင်း၊ သို့သော် လက် တွေ့ မြေပြင်တွင်မူ မုန်တိုင်းတိုက်ခတ်ပြီးနောက် လုပ်ငန်းရှင်အများစုသည် ကုန်ပစ္စည်းများကို ဈေးအဆမတန်‌မြှင့်တင် ရောင်းချနေကြသည်ကိုတွေ့ရှိနေရပြီး အထူးသဖြင့် အိမ်ဆောက်ရာတွင် အသုံးပြုသည့် သွပ်ပြား၊ သံမှို၊ တာလပေါ်နှင့် သစ်တို့သည် လက်တလောတွင် ဝယ်ယူရရှိရန်ခက်ခဲနေပြီး ဈေးလည်းအဆမတန်မြှင့်တက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ဒေသ အတွင်း စစ်ကောင်စီဘက်မှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသေးဘဲ UN အဖွဲ့အစည်းများနှင့် ပြည် တွင်း၊ ပြည်ပ မုန်တိုင်းသင့် ပြည်သူများ၏ ကူညီကယ်ဆယ်ရေးများကို စစ်ကောင်စီက ကန့်သတ် ထားဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်အတွင်းက အဖွဲ့အစည်းတစ်ချို့မှ ထောက်ပံ့‌ မှုပေးမည့် ပစ္စည်းများတင်ဆောင်လာသည့် ကားများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ဖြတ်သန်းခွင့် မပြုဘဲ လက်ရှိ အချိန်အထိ မုန်တိုင်းသင့် ပြည်သူများ၏ ကူညီကယ်ဆယ်ရေးများ မရရှိသေးကြောင်း သိရှိရသည်။ khit thit

မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာမှ စစ်ကောင်စီ အမြောက်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ အမြောက်တပ် ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်းအမှတ် (၂၇) Black Dragon Force က ထုတ်ပြန်ထားသည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ အမှတ် (၅၀၈) အမြောက်တပ်ကို အဖွဲ့လေးဖွဲ့ခွဲကာ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး ၂၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း တပ်ဖွဲ့၏ စုံစမ်း မှုများအရ သိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးအနားရှိ ကွမ်းခြံများအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆုံးရှုံးနစ်နာခဲ့သော ပြည်သူများအ တွက်များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ယခုတိုက်ခိုက်မှုကို BlackDragon Force နှင့်အတူ Titans People Defense Force ၊ မိုင်းမင်းသား ပြောက်ကျားတပ်ဖွဲ့ ၊ God of Snake ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ(၁) Brother Defense Force ၊ တပ်စိပ် (၃) Moe Hein Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

ပုလဲမြို့နယ်ရှိ မိုခါမုန်တိုင်းသင့်ကျေးရွာများ အကူအညီအထောက်အပံ့လိုအပ်နေ

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် မြောက်ခြမ်းကျေးရွာတွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ် နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေ သတွေကိုလည်း ဖြတ်တိုက်သွားတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့လို့  ကျေးရွာတချို့ ရေကြီး၊ ရေလျှံဖြစ်ကာ ပျက်စီးမှု များပြားခဲ့တာ ဖြစ်ပါတယ်။

အခုလိုရေကြီး‌၊ ရေလျှံဖြစ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ စားအိုး၊ စားခွက်တွေ ချောင်းရေနဲ့ အတူမျောပါသွားတာ၊ လမ်းတံတားတွေ ပျက်စီးတာတွေကြောင့် သွားရေး၊ လာရေးအခက်အခဲတွေ တွေ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုလဲမြို့နယ်၊ ကျေးနင်းကြီးကျေးရွာဒေသခံတစ်ဦးက “ကျနော်တို့ စပါး၊ ပဲတီ၊ နှမ်း၊ မြေပဲမျိုးတွေ ချောင်းရေနဲ့အတူပါသွားတယ်။ နောက်ပြီး လယ်ယာသုံးပစ္စည်း စက်ကိရိယာတွေ လည်းပျက်စီးတယ်။ မြို့ကိုသွားတဲ့ လမ်းတွေက တံတား ၃ စင်းလည်း ပျက်စီးတယ်ဗျာ။ အဲလိုတွေ အဖက်ဖက်က ဖြစ်နေတော့ ကျနော်တို့ဒေသခံတွေ အတော်လေး ဒုက္ခရောက်နေရတယ်။ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ အကူညီလေးတွေ ပေးကြပါဦး” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ အပြင် မုန်တိုင်းကြောင့်လည်း သဘာဝဘေးဒဏ်ကိုပါ ထပ်ဆင့် ခံစားနေရတာဖြစ်ပါတယ်။

“မိုးရွာတာကလည်း အဆက်မပြတ်ဆိုတော့ ချောင်း၊ မြောင်းတွေဆီက စီးလာတဲ့ရေတွေက အရမ်းများတယ်။ အရင်နှစ်တွေက အခုလို ရေ ကြီးတာမမြင်ဘူးပါဘူးဗျာ။ ခေတ်မကောင်းပါဘူးဆို သဘာဝဘေးပါ ဆိုက်လားတော့ ကျနော်တို့ ဒေသခံတွေ နေစရာပိုမရှိတော့တာပေါ့ဗျာ။ မိုးရွာပြီး ချောင်းရေတွေက ရွာတွေထဲအထိဝင်တယ်။”လို့ ဒေသခံတယောက်က ပြောပါတယ်။

ပုလဲမြို့‌နယ်မြောက်ခြမ်းမှာ မိုခါမုန်းတိုင်းကြောင့်  ရေကြီး ၊ ရေလျှံဖြစ်လို့ အများဆုံး ဒုက္ခရောက်နေတဲ့ ကျေးရွာတွေက ကျေးနင်းကြီးကျေး ရွာ၊ သင်တီကန်အရှေ့ရွာ၊ သင်တီကန် အနောက်ရွာတို့ဖြစ်ပြီး အဆိုပါ ရွာ ၃ ရွာမှာ အိမ်ခြေပေါင်း ၇၈၁ အိမ်ရှိတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ DVB

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရွှေဘို မြို့နယ် ကိုးပင်ရွာ လမ်းခွဲ တွင် အင်အား ၂၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို BLACK WOLF – ARMY တပ်ဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့ ဝင်များဖြစ်သော Who am i – Army တပ်ဖွဲ့ ဝင်များက လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ စသ်သားများ ထိခိုက်မှုရှိမရှိ အတည် မပြု နိုင်သေးကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဝက်လက်မြို့နယ် ဟံလင်းရွာမှ ထွက်လာသည့် အင်အား ၈၀ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ရွှေဘိုမြို့ ကံကြီးတောရွာ မြောက်ဘက်အနီးအရောက်တွင် BLACK WOLF – ARMY နှင့် ပူးပေါင်း တပ်ဖွဲ့ ဝင်များဖြစ်ကြသည့် Who am i Army ၊ တိုယ်နယ် ပကဖ ( ၄ ) တို့နှင့် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိကို အတည် မပြုနိုင်သေးကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ ကား ၁ စီးနှင့် မိုင်း ၇ လုံး ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ဆည်ကြီးရွာ စာသင် ကျောင်း အနီး ရောက်ရှိလာစဥ် BLACK WOLF – ARMY တပ်ဖွဲ့ နှင့် ပူးပေါင်း တပ်ဖွဲ့ ဝင်များဖြစ်ကြသည့် WHO AM I – ARMY တပ်ဖွဲ့ ဝင်များမှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ထံမှ သိရသည်။ khit thit

တကောင်းတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသောယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့အထိုင်ချထားသည့် နီကယ်စက်ရုံဘက်မှ အင်အား၃၀ ခန့်လိုက်ပါလာသော ကား အသေးသုံးစီးအား တကောင်းဘက်သို့ဆင်းလာချိန် မေလ ၁၉ ရက်နေ့ ည ၈ နာရီအချိန်တွင်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါယာဉ်တန်းကို ခြောက်မိုင်ရွာအနီးတွင် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ နောက်ဆုံးအစီးကို ထိမှန်ခဲ့ ကြောင်းသိရသည်။

“စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းလာမယ်ဆိုတာ ကြိုတင်သိရတဲ့အတွက် စောင့်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ပါ။ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးဘူး”ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တကောင်း)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရှေ့ကားနှစ်စီးမှာအရှိန်မြှင့်တင်မောင်းနှင်သွားပြီး မိုင်းထိသောကား မှာ ဖြေးဖြေးချင်းသာ မောင်းနှင်သွားနိုင်ခဲ့ကြောင်း ဆိုသည်။

မေလ ၁၃ရက် နံနက် ၁၁ နာရီအချိန်ကလည်း သပိတ်ကျင်းမြို့နယ် လက်ပံကုန်းကျေးရွာမှ တကောင်း ဘက်သို့စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လိုက်ပါလာ‌သည့် ခြောက်ဘီးကားနှစ်စီးအားဆူးတောရွာ အဝင်ပေါက်တွင် တကောင်း (ပကဖ) က မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ mizzima

« Older Entries