ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ) ၃၆၈ စစ်ကြောင်းက ၃ ရက် ဆက်တိုက် မီးရှို့ဖျက်စီးခဲ့ခြင်းဖြစ်ပြီး မကျီးကုန်း၊ ဆူးတပ်နှင့် ဖုတ်ကုန်းကျေးရွာ တို့မှ ပြည်သူပိုင် နေအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မကျီးကုန်းရွာကို အကြမ်းဖက် ပစ်ခတ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ မေလ ၁၉ ရက်နေ့တွင် ဆူးတပ်ရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၂၀ လုံး ပျက်စီးခဲ့ရကြောင်းသိရသည်။
မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဖုတ်ကုန်းရွာကို ထပ်မံ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို အတည်မပြု နိုင်သေးကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖုတ်ကုန်းရွာ၌ ညအိပ်တပ်စွဲပြီး ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ ထွက်ခွာလာသော စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း- ၃၆၁ စစ်ကြောင်းသည် ရွှေဘို-မြစ်ကြီးနားလမ်းရှိ စံပါယ်နံ့သာ အထိုင်သို့ ရောက်ရှိနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။ khit thit