စစ်ကောင်စီကဖမ်းဆီးထားသည့် တေးသံရှင်စောဖိုးခွား ပြန်လည်လွတ်မြောက်

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံ ထားရသည့် တေးသံရှင် စောဖိုးခွား(ခ)စောအလန်စတီး ပြန် လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရ သည်။
“မနေ့(မေလ၂၀ရက်)က လွတ်တယ်လို့ ကျနော်တို့ကြားရပါတယ်”ဟု တရားရေးအသိုင်းအဝိုင်းမှ ရှေ့နေ တဦးကပြောသည်။
စောဖိုးခွားသည် လက်ရှိအချိန်တွင် အိမ်သို့ပြန်ရောက်နေပြီဖြစ်ကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက လူမှု ကွန်ရက်စာမျက်နှာတွင်ရေးသားထားသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
Reggaeတေးသံရှင် စောဖိုးခွားသည် ငြိမ်းချမ်းရေးနှင့်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်သီချင်းများကို ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများအကြားတွင် ထင်ရှားသူဖြစ်သည်။
အာဏာသိမ်းသည့်နေ့ကဖမ်းဆီးခံခဲ့ရသည့် ၎င်းကို သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က)နှင့် ပုဒ်မ၅၀၅ (ခ) တို့ဖြင့် တရားစွဲကာ စစ်ကောင်စီက ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က အင်းစိန်ထောင်မှ လွှတ်ပေးသည့်အထဲတွင် ပါဝင်ခဲ့သော်လည်း ထပ်မံတရားစွဲဆိုထားသည့်အမှုရှိသည်ဟုဆိုကာပြန်လည်ဖမ်းဆီးပြီး အင်းစိန်ထောင်အတွင်းသို့ ပြန်ပို့ခံခဲ့ရသည်။ mizzima