ဗန်းမောက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ် တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ၊ စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်၊ မံထွန်ရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် တပ်က တိုက်လေယာဉ်ဖြင့် ၂ ကြိမ်ဗုံးကျဲခဲ့ကြောင်း Banmauk Revolution -BR တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။

ယနေ့‌ မေလ ၂၀ ရက် နံနက် ၁၀ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြားသေဆုံးခဲ့ သဖြင့် တိုက်လေယာဉ် စစ်ကူခေါ်ကာ ၂ ကြိမ်ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှူမသိရ သေးကြောင်း သိရသည်။

“ဒီနေ့လေယာဉ်နဲ့လာဗုံးကျဲသွားတာတော့ အတည်ပြုလို့ရတယ်၊ အသေးစိတ်တော့ မသိရသေးဘူး၊ ပြောတဲ့သူကလည်း အဲလောက်လေးပဲပြောသွားတာဆိုတော့ ဒီထက်ပိုမသိရသေးဘူးဗျ၊ ဗန်းမောက် ရဲစခန်းကနေလဲ အခုညပိုင်းအထိ လက်နက်ကြီးနဲ့ ရမ်းထုနေတယ်၊ မြို့ပြင်ဘက်လို့ထုတာနဲ့ ထုနေတာ” ဟု Banmauk Revolution -BR တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

မြေပြင်တိုက်ပွဲတွင် ရှုံးနိမ့်နေသော အကြမ်းဖက်စစ်သားများသည် လေယာဉ်ပစ်ကူခေါ် တိုက်ခိုက်ခြင်း၊ လူသားတံတိုင်းများ ပြုလုပ်ခြင်းတို့ကြောင့် မြို့နေပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် သားများနှင့် ဝေးဝေးမှာရှောင်ရှားနေထိုင်ကြရန်၊ ယခုညပိုင်းတွင်လည်း ဗန်းမောက်မြို့ပေါ်ရှိ ရဲစခန်း မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း Banmauk Revolution -BR ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်မြို့နယ်၊ ပဒူတိုက်နယ်ကျေးရွာသို့ အနီးရှိ ပြည်သူကာကွယ်ရေး တပ်ဖွဲ့စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး ပြန် လည်ဆုတ်ခွာသွားချိန် နယ်မြေရှင်းလင်းစဉ် စစ်တပ်က‌ ထောင်ထားခဲ့သော မိုင်းမိပြီး PDF ၁ ဦးကျဆုံး ကာ တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ် နေပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့မေလ ၁၉ ရက်‌ နေ့လည်ပိုင်းက စစ်ကိုင်းမြို့တပ်မ ၃၃ မှ ပဒူတိုက်နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများသည် ဒေသကာကွယ်တပ်ဖွဲ့စခန်းတစ်ခုကို ဝင်ရောက်စီး နင်းပြီး စခန်းကို မီးရှို့ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ အထိနာ ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“စစ်ကိုင်းကနေ လာတဲ့ခွေးတွေဗျ၊ အင်အားအတိအကျတော့မသိဘူး၊ ကာကွယ်ရေး တပ်ဖွဲ့စခန်းကို ဝင် စီးတယ်၊ မီးရှို့နေတဲ့ချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းပြီး ပြန်တိုက်ကြတာ၊ စစ်ခွေးတွေ ဆုတ်သွားတဲ့အချိန်မှာ နယ်မြေဝင်ရှင်းရင်း PDF ရဲဘော်တစ်ဦးကျတယ်၊ တစ်ဦးက ခြေထောက်ပြတ်တာ၊ သေချာတယ်၊ အတည်ပြုချက်ရပြီ” ဟု စစ်ကိုင်းမြို့နယ်နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ အတည်ပြုပြောဆိုသည်။

ယင်းစခန်းသိမ်းခံမှုတိုက်ပွဲကို ကျောက်ဆည်ပြည်သူ့ကာကွယ်ရေး(K.S PDF၊ စစ်ကိုင်းတိုင်းအခြေစိုက်) အဖွဲ့ ၊ဒေသခံကျေးရွာ ပ.က.ဖ တပ်ပေါင်းစုများ၊ စစ်ကိုင်းရင်း ၁၊ စစ်ကိုင်းရင်း ၃ ၊ စစ်ကိုင်းရင်း ၅၁၀ နှင့် မန္တလေးခရိုင်တပ်ရင်း ၃ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s