မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာမှ စစ်ကောင်စီ အမြောက်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ အမြောက်တပ် ကို လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်းအမှတ် (၂၇) Black Dragon Force က ထုတ်ပြန်ထားသည်။
မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ကျောက်စစ်ပုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ အမှတ် (၅၀၈) အမြောက်တပ်ကို အဖွဲ့လေးဖွဲ့ခွဲကာ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး ၂၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း တပ်ဖွဲ့၏ စုံစမ်း မှုများအရ သိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးအနားရှိ ကွမ်းခြံများအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆုံးရှုံးနစ်နာခဲ့သော ပြည်သူများအ တွက်များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယခုတိုက်ခိုက်မှုကို BlackDragon Force နှင့်အတူ Titans People Defense Force ၊ မိုင်းမင်းသား ပြောက်ကျားတပ်ဖွဲ့ ၊ God of Snake ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) တပ်ခွဲ(၁) Brother Defense Force ၊ တပ်စိပ် (၃) Moe Hein Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima