မော်လိုက်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၊ မုံရွာတွင် စစ် တပ်စခန်းနှင့် ပျူစောထီး ကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် ယမန်နေ့ စစ်ကောင်စီတပ်များနှင့် PDF တပ်များအကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ကြောင်း ဒေသပြည်သူ များနှင့် ကာကွယ်ရေးတပ်ဖွဲကများထံမှ သိရှိရသည်။

မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီ၃၅ မိနစ်အချိန် မော်လိုက်မြို့နယ်၊ တောင်းအင် ရွာမှ ပြည်သူ ၃၂ ဦးကို စစ်တပ်က ဖမ်းဆီး လူသားဒိုင်းလုပ်ပြီး စစ်ကြောင်းထိုး ချီတက်လာသဖြင့် PDF တပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားကြောင်း၊ ယင်းနောက် စစ် တပ်က လက်နက်ကြီးဖြင့် ပစ်ကူ ပေးခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်းများ ဆက်တိုက် လုပ် ဆောင်ကြောင်း သိရှိရသည်။

“စစ်တပ်က တောင်းအင်ရွာသူရွာသား၃၂ ဦး လောက်ကို လူသားဒိုင်းလုပ်ပြီး ရှေ့တိုးပြီးစစ်ကြောင်းထိုးတာ။ ထိတွေ့တိုက်ပွဲပြင်းထန်တယ်။ အဲဒီနောက်မှာ A-5 တိုက်လေယာဉ်တွေနဲ့ သာနန်းတောဘုရားကုန်းနဲ့ဘိုတဲကုန်းနေရာကို ဗုံးကျဲချတယ်။ နောက်ပြီး မော်လိုက်မြို့ပေါ် ဒီပက္ခရာဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က ၁၂၀ မမနဲ့ ၁၄ ချက်လောက် ပစ်တယ်။ စစ်တပ် တိုက်လေယာဉ်တွေက တောင်းအင်ရွာကို ၄ခါပတ်ပြီး ဗုံး၆လုံးကျဲချတယ်” ဟု မော်လိုက်ဒေသ ကာကွယ်ရေးတပ်က ပြောဆိုသည်။

အလားတူ မေလ ၁၉ ရက်နေ့တွင် ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု Democratic Local Coalition (DLC) က မုံရွာ-မန္တလေး အမြန်လမ်းမ၊ စွမ်းရည်ထက်ဆီဆိုင်အနီး အကြမ်းဖက်စစ်ကောင်စီ၏ ခြေကုပ်စခန်းနှင့် တောပု (ပျူ)ကျေးရွာမှ ခိုးဆိုးလုနှိုက်ထွက်လာသော စစ်ကောင်စီလက်ပါးစေ ပျူစောများအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်နှင့်ပျူစောထီး များဘက်မှ အထိအခိုက်များ ရှိခဲ့ပြီး သေဆုံးမှုစာရင်းကို အတည်ပြုနိုင်ခြင်း မရှိကြောင်း Sun King Envoy Monywa မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု (DLC)တွင် ပါဝင် သော Democratic Guerrilla Force၊ ဗန္ဓုလနှင့်အဖွဲ့သားများ LDF၊ Urban Hunter Force – UHF၊ THE ANTS LPDF၊ MBH – LPDF၊ Sun King Envoy Monywa- LPDFတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s