ရခိုင်ပြည်နယ်တွင် အမြတ် အဆမတန်ယူ၍ ရောင်းချသည့် လုပ်ငန်းရှင်များကို AA က ခေါ်ယူ စစ်ဆေးနေ

ရခိုင်ပြည်နယ် အတွင်း မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် အမြတ် အဆမတန်ယူ၍ ရောင်းချနေသူများသည့် လုပ်ငန်းရှင်များကို AAက ခေါ်ယူ စစ်ဆေးနေကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဈေးတင်ရောင်းချသည့် ကျောက်တော်မှ လုပ်ငန်းရှင် ၁ဦး၊ ပုဏ္ဏားကျွန်းမှ လုပ်ငန်းရှင် ၂ဦးနှင့် စစ်တွေမှ လုပ်ငန်းရှင် ၄ဦး တို့ကို ULA/AA ကခေါ်ယူကာ သတိပေးမှုများရှိကြောင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ၂ရက် အကြာမှ စကာ ဈေးအဆမတန်ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ချို့ကို ULA/AAက ခေါ်ယူသတိပေးကား ဈေးတင်မရောင်းဖို့ ခေါ်ယူသတိပေးမှုများရှိခဲ့သည်ဟု ULA/AAနှင့် နီးစပ်သူများထံမှ သိရသည်။

ULA/AAက‌ ခေါ်ယူ တွေ့ဆုံ သတိပေးခဲ့သည့် လုပ်ငန်းရှင်များသည် အိမ်ဆောက်ပစ္စည်းအရောင်း အဝယ်လုပ်ကိုင်သူများဖြစ်ပြီး လျှပ်စစ်ပစ္စည်း ရောင်းချနေသူများလည်း ပါဝင်ကြောင်း၊ သွပ်ပြားနှင့်သွပ်မိုးသံမှိုကို ဈေးအဆမတန်ရောင်းချသူကို ULA/AA က ခေါ်ယူသတိပေးသည်ကို ကြားသိရပြီး ယင်းဆိုင်တွင် လက်ရှိကုန်ပစ္စည်းဝယ်ယူ၍ မရတော့ကြောင်း စစ်တွေ‌မြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်အတွင်း မြို့အားလုံး၏ ဈေးကွက်တွင် သွပ်ပြားနှင့်သံမှိုသည် အရှားပါးဆုံးနှင့်ဝယ်ယူရ ခက်ခဲလျက်ရှိရာ တစ်ချို့က ပုံမှန်ထက် ၈ ဆ ထိတင်ကာ ရောင်းချနေကြပြီး တစ်ချို့မှာလည်း ပုံမှန်ဈေးအတိုင်း ရောင်းချနေသူများရှိသလို ပုံမှန်ဈေးထက် တစ်ဝက်လျော့ကာ ရောင်းချနေသူများလည်း ရှိကြောင်း၊ မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်များသည့် နေအိမ်အဆောက်အဦး ၉၀ရာခိုင်ကျော် အထက်ပျက်စီးခဲ့ကာ ကျန်မြို့နယ်အားလုံးမှာလည်း မုန်တိုင်းဒဏ်ကို အနည်း၊ အများခံစားနေကြရဆဲဖြစ်ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကိုယ်တိုင် လုပ်ငန်းရှင်များအနေဖြင့် မုန်တိုင်းကြောင့် ပြည်သူများ အခက်ကြုံနေချိန် လုပ်ငန်ရှင်များအနေဖြင့် ကုန်ပစ္စည်းများကို ဈေးတင်မရောင်းကြဖို့ မုန်တိုင်းအလွန်တွင် သတိပေး ပြောကြားခဲ့ကြောင်း၊ သို့သော် လက် တွေ့ မြေပြင်တွင်မူ မုန်တိုင်းတိုက်ခတ်ပြီးနောက် လုပ်ငန်းရှင်အများစုသည် ကုန်ပစ္စည်းများကို ဈေးအဆမတန်‌မြှင့်တင် ရောင်းချနေကြသည်ကိုတွေ့ရှိနေရပြီး အထူးသဖြင့် အိမ်ဆောက်ရာတွင် အသုံးပြုသည့် သွပ်ပြား၊ သံမှို၊ တာလပေါ်နှင့် သစ်တို့သည် လက်တလောတွင် ဝယ်ယူရရှိရန်ခက်ခဲနေပြီး ဈေးလည်းအဆမတန်မြှင့်တက်လျက်ရှိကြောင်း သိရသည်။

ရခိုင်ဒေသ အတွင်း စစ်ကောင်စီဘက်မှ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသေးဘဲ UN အဖွဲ့အစည်းများနှင့် ပြည် တွင်း၊ ပြည်ပ မုန်တိုင်းသင့် ပြည်သူများ၏ ကူညီကယ်ဆယ်ရေးများကို စစ်ကောင်စီက ကန့်သတ် ထားဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်အတွင်းက အဖွဲ့အစည်းတစ်ချို့မှ ထောက်ပံ့‌ မှုပေးမည့် ပစ္စည်းများတင်ဆောင်လာသည့် ကားများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ဖြတ်သန်းခွင့် မပြုဘဲ လက်ရှိ အချိန်အထိ မုန်တိုင်းသင့် ပြည်သူများ၏ ကူညီကယ်ဆယ်ရေးများ မရရှိသေးကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s