ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းတို့ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ရွှေဘို မြို့နယ် ကိုးပင်ရွာ လမ်းခွဲ တွင် အင်အား ၂၀ ခန့်ရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို BLACK WOLF – ARMY တပ်ဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့ ဝင်များဖြစ်သော Who am i – Army တပ်ဖွဲ့ ဝင်များက လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကာ စသ်သားများ ထိခိုက်မှုရှိမရှိ အတည် မပြု နိုင်သေးကြောင်း သိရသည်။
မေလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ဝက်လက်မြို့နယ် ဟံလင်းရွာမှ ထွက်လာသည့် အင်အား ၈၀ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ် ကြောင်းကို ရွှေဘိုမြို့ ကံကြီးတောရွာ မြောက်ဘက်အနီးအရောက်တွင် BLACK WOLF – ARMY နှင့် ပူးပေါင်း တပ်ဖွဲ့ ဝင်များဖြစ်ကြသည့် Who am i Army ၊ တိုယ်နယ် ပကဖ ( ၄ ) တို့နှင့် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိမရှိကို အတည် မပြုနိုင်သေးကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့ဝင်များဘက်မှ ကား ၁ စီးနှင့် မိုင်း ၇ လုံး ပျက် စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ဆည်ကြီးရွာ စာသင် ကျောင်း အနီး ရောက်ရှိလာစဥ် BLACK WOLF – ARMY တပ်ဖွဲ့ နှင့် ပူးပေါင်း တပ်ဖွဲ့ ဝင်များဖြစ်ကြသည့် WHO AM I – ARMY တပ်ဖွဲ့ ဝင်များမှ စောင့်ကြို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY တပ်ဖွဲ့ထံမှ သိရသည်။ khit thit