သာယာဝတီမြို့နယ်မှ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူး ကားမှောက် သေဆုံး

ပဲခူးတိုင်း၊သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းထွဋ်သည် မေလ ၂၀ ရက် ည ၁၀ နာရီကျော်အချိန်ခန့်က သစ်ကားမှောက်၍ ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံ များထံမှ သိရသည်။

၎င်းသည် မီးသွေးဖုတ်သူဖြစ်ပြီး သစ်နှင့်မီးသွေးများကို ကားဖြင့်တင်ဆောင်လာစဉ် ရိုးမတောင်ခြေရှိ ကျောက်အိုင်ကျေးရွာအကျော် နတ်ချောင်းရွာအနီးတွင် ကားဘီးပေါက်ကာ တိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။

“သူ့ကြောင့် သူ့ရွာက CDM တွေ အဖမ်းခံရတာ၊ PDF တစ်ဦးလည်း အဖမ်းခံရတယ်။ စစ်ကောင်စီလက် ထက်မှအုပ်ကြီးဖြစ်လာတာ။ အာ ဏာသိမ်းပြီး ဆန္ဒပြနေကြတဲ့အချိန်တွေတုန်းက တက်ကြွလှုပ်ရှားသူ တွေ CDM တွေကိုဖမ်းဖို့ ခဏခဏတိုင်တဲ့သူ” ဟု သာယာဝတီမြို့နယ်မှ ဒေ သခံတစ်ဦးက ပြောသည်။

သေဆုံးသူဦးဝင်းထွဋ်သည် စစ်ကောင်စီအားတစ်လလျှင် ဆက်ကြေး ၁၀ သိန်းပေး၍ နွားမှောင်ခိုအရောင်း အဝယ်လုပ်ခြင်း၊ သစ်ထုတ်လုပ်မှုပိတ်ပင်ထားသော ပဲခူးရိုးမအတွင်းမှ သစ်ခိုးထုတ်ကာ မီးသွေးဖုတ်ခြင်း၊ လောင်းကစားဝိုင်းများအား ဆက်ကြေးကောက်ကာ ပြုလုပ်ခွင့်ပေးခြင်း၊ နွားဆွဲသူများနှင့် သစ်ကားများအား ဂိတ်ကြေးကောက်ခံကာ စစ်ကောင်စီအတွက် ငွေရှာပေးနေသူဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

“ညက သစ်တွေတင်လာတဲ့ကား ဘီးပေါက်တော့ သူကခုန်ချတာ။ညဘက်ဆိုတော့ ဘေးမှာကမြေတွေနဲ့ ဘေးမလွင့်ပဲ ကားကြားထဲပြန်ဝင်သွားတာ” ဟု ၎င်းသေဆုံးပုံကို ဒေသခံက ရှင်းပြသည်။

ဦးဝင်းထွဋ်နှင့်အတူ ၎င်း၏တပည့်ဖြစ်သူဦးလှအေးလည်း နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“ဒီလူက စစ်ကောင်စီကို ငွေကြေးအရလည်း အထောက်အပံ့ရှာပေးနေတဲ့သူဖြစ်တယ်။ ကိုယ်တိုင်လည်း စစ်ကောင်စီဘက်ကရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေကို ဖိနှိပ်တာတွေလုပ်နေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်

ဒီလိုဖြစ်သွားတာဟာ သူ့လမ်းသူသွားတာလို့ပဲ ပြောချင်ပါတယ်” ဟုသာယာဝတီခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးရိုးမအတွင်း သစ်တောပြုန်းတီးမှုများပြားနေသဖြင့် NLD အစိုးရလက်ထက်မှစတင်ကာ သစ်ထုတ် လုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ထားခြင်းဖြစ်သည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အဓိက ဝင် ငွေရလမ်းကြောင်းသည် သစ်ခိုးထုတ်ခြင်းနှင့် လောင်းကစားဝိုင်းများ ဖြစ်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s