ကိုယ်ပိုင်ကျောင်းများတွင်ပါတီနိုင်ငံရေးအ ကြောင်းဆွေးနွေးလျှင် ထောင်ဒဏ် ၆ လ ချ မှတ်နိုင်သည့် ဥပဒေ အာဏာသိမ်းစစ်ကောင်စီပြဋ္ဌာန်း

စစ်ကောင်စီကပြင်ဆင်ပြဋ္ဌာန်းလိုက်သည့်ပုဂ္ဂလိကပညာရေးဥပဒေတွင် ကိုယ်ပိုင် ကျောင်းများ၌ ပါတီနိုင်ငံရေးအကြောင်းဆွေးနွေးလျှင်အနည်းဆုံး ထောင်ခြောက်လအထိ ချမှတ်နိုင် ကြောင်း ပြဋ္ဌာန်းထားသည်။

၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည့်ပုဂ္ဂလိကပညာရေးဥပဒေတွင် အခန်း ၁၆ ခန်းပါဝင်ပြီး ပုဒ်မပေါင်း ၈၂ ခု ပါဝင်သည်။

ဥပဒေ၏ အခန်း(၁၄) ပုဒ်မ(၆၈) တွင် မည်သူမျှ ကျောင်းများတွင် နိုင်ငံတော်မူဝါဒနှင့်ဆန့်ကျင်သော ပါတီ နိုင်ငံရေးဆိုင်ရာအကြောင်းရာများနှင့် နိုင်ငံရေးအကြောင်းအရာများကို ဟောပြောခြင်းသင်ကြားခြင်း၊ထည့်သွင်းပြောကြားခြင်း၊ ဆွေးနွေးခြင်းသို့မဟုတ် ထိုသို့ဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်ခြင်းမပြုရဟု ဆိုထားပြီး လိုက်နာခြင်းမရှိပါက အနည်းဆုံးထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိ၊ ငွေဒဏ်အားဖြင့် သိန်း ၃၀ မှ သိန်း ၅၀ အထိ ချမှတ်နိုင်သည်ဟုပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ(၆၃)တွင်လည်း မည်သူမျှ နိုင်ငံတော်တည်ငြိမ်ရေး၊လုံခြုံရေးသို့မဟုတ် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသောလုပ်ရပ်များမလုပ်ရဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ထောင် ဒဏ်အနည်းဆုံးတစ်နှစ်မှအများဆုံးနှစ်နှစ်အထိအပြင် ငွေဒဏ်သိန်း ၃၀၀ မှ သိန်း ၅၀၀ အထိ ချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

အဆိုပါဥပဒေပြဋ္ဌာန်းချက်နှစ်ရပ်ကိုလေ့လာကြည့်ပါက စစ်ကောင်စီသည် ကျောင်းသားကျောင်းသူများ နှင့်ဆရာဆရာမများကို နိုင်ငံရေးအ ကြောင်းပြောလျှင်ပင် အနည်းဆုံး ထောင်ဒဏ်ခြောက်လအထိ ချမှတ် မည်ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၁၀ ခုနှစ်ကဦးသိန်းစိန်လက်မှတ်ရေးထိုးထုတ်ပြန်ထားသည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကိုဖျက်သိမ်းပြီး လက်ရှိဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ယခု စစ်ကောင်စီကပြဋ္ဌာန်းသည့်ဥပဒေနှင့်ပတ်သက်ပြီး အခြေခံပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲ ဦးဆောင်ကော်မတီ(BEWU-SC)၏ ဗ ဟို အလုပ်အမှုဆောင် ဆရာနောင်ချိုက “စစ်ကျွန်ပညာရေးစနစ်ကို အသက်သွင်းတဲ့ ဥပဒေလို့ မြင်ပါတယ်ဗျ။ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက်ဒီမိုကရေစီမသိ၊ နိုင်ငံရေးမသိတဲ့ ခပ်ညံ့ညံ့မျိုးဆက်တွေကို ပညာရေးကတဆင့်မွေးထုတ်ဖို့ပညာရေးကို စနစ်တကျ ဖျက်ဆီးဖို့ လုပ်နေတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။

ပုဂ္ဂလိကကျောင်းဟုဆိုရာတွင် အစိုးရ၏သင်ရိုးညွှန်းတမ်းများအတိုင်း ဆောင်ရွက်သော၊ သင်ကြားသော အခြေခံပညာကျောင်းများနှင့်ပြည်ပသင်ရိုးညွှန်တမ်းများဖြင့်သင်ကြားသော အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များပါဝင်သည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိကအခြေခံပညာကျောင်းများမှာကျောင်းသားမိဘများ အကြားတွင် အထူးကျော်ကြားသော ပညာရေးစနစ်တစ်ခု ဖြစ်လာသည်။

အာဏာမသိမ်းမီ ပညာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင်ကိုယ်ပိုင်ကျောင်းပေါင်း ၁၀၀၀ ကျော်ရှိသည်။

အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုများတွင်ပါဝင်၍ သော်လည်းကောင်း၊ကျောင်းများတွင် စစ်သား များရှိနေသည့်အတွက်လုံခြုံရေးစိုး ရိမ် သည့်အတွက်ကြောင့်လည်းကောင်း အစိုးရအခြေခံပညာကျောင်း များကိုကျောင်းသားကျောင်းသူများအနေဖြင့် စွန့်ခွာခဲ့မှုများရှိလာပြီးကိုယ် ပိုင်ကျောင်းများကို ရွေးချယ်မှု များ ပိုလာခဲ့သည်။

ထို့ကြောင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက်ကိုယ်ပိုင်ကျောင်းစုစုပေါင်း ၉၀ ရာခိုင်နှုန်းနီးပါး ပြန် လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းအပ်သူများပြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာကိုယ်ပိုင်ကျောင်းများအသင်း တွဲဖက်အတွင်းရေးမှူး ဆရာဦးစိုးအောင်က ပြီးခဲ့သည့်ကျောင်းအပ်ရာသီကပြောခဲ့သည်။

လက်ရှိစစ်ကောင်စီက အသစ် ပြဋ္ဌာန်းထားသည့် ဥပဒေသည် ကျောင်းသားမိဘများအကြားတွင်လည်း စိုးရိမ်စရာဖြစ်လာသည်။

“အတန်းငယ်တွေကကိစ္စမရှိဘူးလေ။ နည်းနည်းသိတတ်တဲ့ကလေးတွေကဖုန်းထဲမှာ နိုင်ငံရေးမကောင်း ဘူးဆိုတာတွေ့နေရတော့ ပြောမိဆိုမိရင်အဆင်မပြေနိုင်ဘူးပေါ့။အဲဒီလိုကျောင်းတွေမှာကလည်း ကလေးက ပေါင်းစုံလေ” ဟု ကျောင်းသားတစ်ဦး၏ မိခင်က မှတ်ချက်ပြုသည်။

ထိုသို့ဥပဒေများ မပြဌာန်းခင်ကတည်းကလည်း စစ်ကောင်စီသည်ကိုယ်ပိုင်ကျောင်းအချို့ကို နိုင်ငံရေး လုပ်ငန်းများနှင့် ဆက်နွယ်သည်ဟုဆိုကာမှတ်ပုံတင်ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s