စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် သံ တောင်ဒေသခံ ၇ ဦး ပြန်လည်လွတ်မြောက်လာ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်၊ကရင်ပြည်နယ်၊သံတောင်မြို့ (၁၃)မိုင်၊ ရပ်ကွက်(၁)မှ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့်ဒေသခံခုနစ်ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

“ဖမ်းထားတဲ့လူတွေ အားလုံးလွတ်လာကြပြီ။အားလုံးခုနစ်ယောက်”ဟု သံတောင် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် ဒေသခံခုနစ်ဦးသည် သံတောင်မြို့ (၁၃)မိုင်၊ရပ်ကွက်(၁)တွင်နေထိုင်သည့် အမျိုးသား များဖြစ်ပြီး မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်သားများ၏

လက်ပြန်ကြိုးတုပ် ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသခံခုနစ်ဦးအား သံတောင်(၁၃)မိုင်စစ်ကောင်စီတပ်စခန်းအနောက်ဘက်ရှိ စခန်းအတွင်း ခေါ်ဆောင်သွား၍ PDFများနှင့် သက်ဆိုင်ခြင်းရှိမရှိ၊ ကိုယ်ရေးရာဇဝင်နှင့်နောက်ကြောင်းရာဇဝင်များ၊ ၎င်းတို့၏ အလုပ်အကိုင်များအကြောင်းအား မေးမြန်းကာမှတ်တမ်းယူထားကြသည်ဟုလည်း ဆိုသည်။

ဒေသခံ ခုနစ်ဦးအနက် အချို့သည် မေလ ၁၉ ရက် ညပိုင်းတွင်ပြန်လည်လွတ်မြောက်ခဲ့ပြီး အချို့မှာ မေလ ၂၀ ရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ဖြစ်ကြောင်း သိရသည်။

“သူတို့ကို မင်းတို့ PDF တွေလားဆိုပြီး မေးတာတွေရှိတယ်။ မသက်ဆိုင်တော့မှ အာမခံနဲ့ပြန်လွှတ်ပေး လိုက်တာ” ဟုဖမ်းဆီးခံရသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် မေလ ၂၀ ရက်က သံတောင်မြို့ ရပ်ကွက် (၁) အပြင်ရပ်ကွက် (၃)နှင့် ဒေမူးလောရပ်ကွက် အတွင်း သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး လူမရှိသည့် နေအိမ်များအား တံခါးသော့များကိုဖျက်ဆီး၍ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

ထိုဒေသခံခုနစ်ဦး ဖမ်းဆီးစစ်ဆေးခြင်း မခံရမီ မေလ ၁၈ ရက်ညနေပိုင်းက တောင်ငူအကျဉ်းထောင်မှ အကျဉ်းသားကိုးဦးထွက်ပြေးလွတ် မြောက်သွားခဲ့ပြီးထိုအကျဉ်းသားများအား စစ်ကောင်စီတပ်ဖွဲ့က အပြင်း အထန် ရှာဖွေလျက်ရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s