ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲများအတွင်း KND F မှ ဒုတပ်စုမှူးအပါအဝင် ရဲဘော် ၄ ဦး ကျဆုံး

ကရင်နီပြည်၊ဒီးမော့ဆိုအရှေ့ခြမ်း၊ တနီးလာလဲကျေးရွာအနီးဖြစ်ပွားနေသည့် တစ်ပတ်ကျော် ကြာတိုက်ပွဲများအတွင်း ဒုတပ်စုမှူးတစ်ဦးအပါ အဝင်ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း KNDF မှ ထုတ်ပြန် ထားသည်။

စစ်ကောင်စီတပ်က ဒီးမော့ဆိုအရှေ့ခြမ်းရှိဒေါဆဲ၊ ဒေါတငူး၊ ဒေါတမြေးစသည့်ကျေးရွာများတွင် တပ်စွဲ ထားကာတနီးလာလဲဖက်သို့ တိုးလာနေကြောင်း ဆိုသည်။

ထို့ကြောင့် မေလ ၁၄ ရက်မှစကာ မေလ ၂၂ ရက်နေ့အထိ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရ သည်။

မေလ ၁၅ ရက်နေ့တွင် KNDF တပ်ရင်း (၁၀) မှ ရဲဘော် ခူးစိုးရယ်၊ မေလ ၁၈ ရက်နေ့တွင်တပ်ရင်း(၉)မှ ဒုတပ်စုမှူး မောင်ဖရန်စစ္စကို (ဂျားဂျာ)၊ မေလ ၁၉ ရက်နေ့တွင် တပ်ရင်း(၁)မှရဲဘော်နေ၀င်းနှင့် တပ်ရင်း (၇) မှ ရဲဘော် ဘဲနဒစ်(အောင်အောင်) တို့ကျဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တပ် ရင်းများက ထုတ်ပြန်ထား ကြသည်။

“ နှစ်ဖက်တိုက်ပွဲပြင်းထန်တယ်။ မေလ၁၄ ရက်နေ့လောက်ကစပြီး တိုက်ပွဲ တော်တော်လေးပြင်းထန် တယ်။စစ်ကောင်စီက လေကြောင်းတိုက် ခိုက်မှုက နေ့စဉ်လုပ်တယ်ဗျ။ လေကြောင်း နေ့စဉ်သုံးတယ်။ မနက်ကနေညအထိ၊ညကနေမနက်အထိ တောက်လျှောက် လက်နက်ကြီးတွေပစ်တယ်။ အဓိက ကတော့တိုက်ပွဲတွေထဲကို လွိုင်ကော်အခြေစိုက်တို့၊ ဒီးမော့ဆိုအခြေစိုက်တို့ အဲဒီတပ်တွေကနေ ပတ်ချာ လည်ပစ်တာမျိုးရှိတယ်”ဟုKNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူတစ်ဦးကပြောသည်။

အဆိုပါတိုက်ပွဲများအတွင်း ကရင်နီတပ်မတော်(KA)မှရဲဘော်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ကရင်နီ စစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က မေလ ၁၈ ရက်နေ့က မဇ္စျိမကို ဖြေဆိုထားသည်။

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အသေးစိတ်အားထုတ်ပြန်၍မရသေးကြောင်းKNDFဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူက ဆိုသည်။

“လောလောဆယ်မှာ ပြောနိုင်တာတစ်ခုက စစ်ကောင်စီဖက်ကတော့ အကျအဆုံးများတယ်။

ဒါကြောင့်ပဲ လေကြောင်းတိုက်ခိုက်မှု တောက်လျှောက်လုပ်လာတာ”ဟု ၎င်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က အနီးနားရှိကျေးရွာများ၊ စစ်ရှောင်များ ရှိသည့်နေရာများကိုပါလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက်နေအိမ်ပျက်စီးမှုများနှင့် အရပ်သားထိခိုက်ဒဏ်ရာရရှိမှုတို့လည်းရှိနေကြောင်း သိရသည်။

ဒီးမော့ဆို အရှေ့ခြမ်းတွင် စစ်ကြောင်းသုံးခုဖြင့် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်နှင့် ကရင်နီပူး ပေါင်းအဖွဲ့များအကြား ပြီးခဲ့သည့်မတ် လမှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s