ဒီးမော့ဆိုအရှေ့ခြမ်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာနေအိမ်များ မီးလောင်ပျက် စီး

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးလောင်ပျက်စီးနေပါတယ်။
မေလ ၁၄ ရက်နေ့ကစပြီး စစ်ကောင်စီကနေပြီး အင်အားလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် မေလ ၁၄ ရက်နေ့ကနေ ဒီကနေ့ မေလ ၂၂ ရက်နေ့အထိ ၉ ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကေအန်ဒီအက် ရဲဘော်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“တိုက်ပွဲ ၉ ရက်ဆက်တိုက်ဖြစ်နေပြီ။ သူတို့ အထူးကွန်မန်ဒိုတွေ လွှတ်တာ။ လေယာဉ်တွေနဲ့ လာကြဲတယ်။”
မေလ ၂၀ ရက်နေ့က စစ်ကောင်စီဘကက် လေယာဉ်နဲ့ ၆ ကြိမ်အထိ လာရောက်ပစ်ခတ် ဗုံးကြဲခဲ့တဲ့တွက် ကျေးရွာတချိုု့က လူနေအိမ်တွေ ၊ မီးလောင်ပျက်စီးနေကြောင်းလည်းအဆိုပါ ရဲဘော်က ပြောပါတယ်။
မီးလောင်မှုအသေဆုံးစိတ်ကိုတော့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်လိုက်ခဲ့သလိုပဲ တိုက်ပွဲမရှိတဲ့ကျေးရွာတွေအတွင်း လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်းလည်း ပြောပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖက်က အများအပြား ထိခိုက်သေဆုံးပေမယ့် အရေအတွက်ကို မသိရသေးသလို ကရင်နီပူးပေါင်းတပ်ဖက်ကလည်း ရဲဘော် ၃ ဦးသေဆုံးခဲ့ရတယ်လို့ KNDF ရဲဘော်တဦးက ပြောပါတယ်။ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းရှိ ဒေါစဲရွာ၊ ဒေါတငူးရွာ၊ တနီးလာလဲ ကျေးရွာတွေနဲ့ အနီးတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာဟာ ၃ လလောက် ရှိနေပြီဖြစ်ပါတယ်။ DVB