နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် တပ်ဆွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက် ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးရှိ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။
“စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်” ဟု Natogyi People Defence Force မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံ ခရိုင် အမှတ် ၁ – တပ်ရင်းနှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်သော မြင်းခြံခရိုင်အမှတ်- ၄ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် – ၃ တပ်ရင်း တို့ပူးပေါင်း လုပ်ဆောင် ခဲ့ကြောင်း သိရသည်။ khit thit