ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ တပ်၏ လက်နက် သိုလှောင်ရုံနှင့် စစ်ဗိုလ် တန်းလျားကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှု များပြား

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ တပ်၏ လက်နက် သိုလှောင်ရုံနှင့် စစ်ဗိုလ် တန်းလျားကို မိုင်းခွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေ ဆုံးမှု များပြားကြောင်း Special Guerrilla Force(SGF-Pakokku) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၉ ရက် ည ၁၁ နာရီဝန်းကျင်ခန့်က ပခုက္ကူမြို့ တပ်မ ၁၀၁ တပ်အတွင်းရှိ လက်နက်ခဲယမ်းသို လှောင်သော တိုက်ခန်းနှင့် စစ်ဗိုလ်များနေထိုင်ရာ အဆောက်အဦးများကို တပ်တွင်း ဖရဲသီးမျာ ပါဝင် အားဖြည့် ကူညီမှုဖြင့် ပြင်းအားမြင့်သော မိုင်း ၆ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းသိုလှောင် သောတိုက်ခိုက်များထိခိုက်ပျက်စီးပြီး စစ်ဗိုလ်များနေထိုင်ရာအဆောက်အဦးများလည်း ထိခိုက်ပျက်စီး ကာ စစ် သားမိသားစုဝင် ၁၀ ဦး၊ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၈ ဦးသေဆုံးကြောင်း သိရသည်။

“သေဆုံးဒဏ်ရာရတဲ့ စစ်ခွေးတွေကို ညတွင်းချင်း ရဟတ်ယာဉ်နဲ့ လာသယ်သွားတာ၊ ဒဏ်ရာရတာ တွေ လဲ ၁၀ ဦးကျော်ရှိတယ်၊ စစ်ခွေးတွေ ညပိုင်းတပ်တွင်း ကင်းလှည့်ပြီး အုပ်စုဖွဲ့နားနေတဲ့အချိန် ခွဲ လိုက် တာ၊ လက်နက်သိုလှောင်ဖောက်ခွဲမှုက အခန်းတွင်းအထိ ဝင်ခွဲတာဆိုတော့ ခဲယမ်းတွေအကုန် ပျက်စီး တယ်၊ ထပ်ဆင့်ပေါက်ကွဲတာတွေရှိတော့၊ အခု CCTV တပ်မယ်ဆိုပြီး သတင်းကြားတယ်” ဟု Special Guerrilla Force(SGF-Pakokku) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဖောက်ခွဲတိုက်ိခုက်မှုကို Special Guerrilla Force(SGF-Pakokku) ပြောက်ကျားတပ်ဖွဲမှ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ မိုင်းခွဲခံရပြီးနောက် အကြမ်းဖက်စစ်တပ်မှ ညတွင်းချင်း ရဟတ်ယာဉ်တစ်စီး ဖြင့် ရောက်ရှိလာကာ ဒဏ်ရာရသေးဆုံးလူနာများကို မန္တလေးတပ်တွင်းဆေးရုံသို့ ၂ ခေါက်သယ်ဆောင် သွားကြောင်း၊ တပ်တွင်းဖရဲသီးသတင်းပေးကို စုံစမ်းဖော်ထုတ်နိုင်ရန် ဖုန်းများရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s