ပြင်ဦးလွင် စစ်တပ်လျှပ်စစ်နှင့် စက်မှု အင် ဂျင်နီယာကျောင်းတွင် တပ်ထဲဝင် လိုသူ မရှိ၍ တပ်သားသစ်တစ်ဦးလျှင် ငွေ ၁၀ သိန်းပေး ခေါ်ယူရန် အရာရှိ နှင့် စစ်သည်လစာများမှ ငွေများဖြတ်တောက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တပ် လျှပ်စစ်နှင့်စက်မှု အင်ဂျင်နီယာ ကျောင်း တွင် တပ်ထဲဝင်လိုသူမရှိ၍ တပ် သားသစ် ၁ ဦးလျှင် ငွေကျပ် ၁၀ သိန်း ပေး၍ ခေါ်ယူရန် အရာရှိနှင့်စစ်သည်များ၏ လစာများကို ဖြတ်တောက် လျက် ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြော သည်။

စစ်အာဏာသိမ်းပြီးနောက်မှစတင်၍ စစ်တပ်ထဲသို့ ဝင်လိုသူ မရှိတော့ဘဲ တပ်သား သစ် စုဆောင်းရန် ခက်ခဲလာကြောင်း၊ တပ်မတော် လျှပ် စစ်နှင့် စက်မှု အင်ဂျင်နီယာကျောင်း (ပြင်ဦးလွင်) တွင်လည်း တပ်သားသစ် မရှိ တော့သဖြင့် ပြင်ပမှ လူငယ်များကို ငွေကျပ် ၁၀ သိန်းပေး၍ တပ်ထဲသို့ ခေါ်ယူရ ကြောင်း၊ တပ်သားသစ်စုဆောင်း ရေးအတွက် အရာရှိနှင့်စစ်သည်များ၏ လစာ များကို တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်း(ပြင်ဦးလွင်) ၊ ကျောင်း အုပ် ဗိုလ်မှူးကြီး ထွန်းထွန်းက ဖြတ်တောက်လျက်ရှိကြောင်း သိရှိရ သည်။

” ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ထွန်းထွန်းက အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ လစဉ် လတိုင်း စစ်သည် များ၏ လစာတွေထဲကန‌ တပ်သား သစ်ကြေးကို အချိုး ကျ ဖြတ်တောက်စေပါတယ်။ တစ်လနဲ့ တစ်လ ဖြတ်တောက်သည့် ပမာဏ မတူညီဘူး။ ရဲဘော်သစ်တစ်ယောက်ကို ငွေ ၁၀ သိန်းလောက် ပေးဝယ်ရ တယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်း(ပြင်ဦးလွင်) တွင် လစာ များကို ဖြတ်တောက်ရာတွင် ရဲဘော်စစ်သည်မှ တပ်ကြပ်ကြီး အ ဆင့်ထိ တစ် လ လျှင် ၂၀၀၀ ကျပ် ၊ ဒုအရာခံဗိုလ် မှ အရာခံဗိုလ် အဆင့်ထိ လစဉ် ၃၀၀၀ ကျပ် ဖြတ်တောက်ပြီး လိုအပ်သော ငွေများကို အ ရာရှိများ၏ လစာ အတွင်းမှ ဖြတ်တောက်ကြောင်း သိရှိရသည်။

“အခု မတ်လနဲ့ဧပြီလ လစာမှာ အရာရှိ၊ စစ်သည်တွေဆီက အကုန်ဖြတ်တယ်။ တပ်သားသစ်စုဖို့ လိုတဲ့ငွေ၊ ကျန်လိုငွေ များကို အရာရှိငယ်တွေက စိုက်ပေးရ ပါတယ်။ တပ်သားသစ်က ငွေမပေးရင်မရတော့ ငွေပေးပြီး စစ်သားသစ် ရှာနေ ရတယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ဆို သည်။

တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်း(ပြင်ဦးလွင်) တွင် စစ် သည် များ ထွက်ပြေးမှု များပြားနေပြီး စစ်သည် တစ်ယောက်ထွက် ပြေးလျှင် ရဲဘော် သစ်တစ်ယောက်ကို အစားထိုးအဖြစ် ကျန်သူများက ၀ိုင်းဝန်းရှာ ဖွေရ သည့်စနစ်ကို ဖော်ဆောင်နေကြောင်း သိရှိရသည်။

တပ်မတော်လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာကျောင်း(ပြင်ဦးလွင်)သည် နောက် တန်း အထိုင်တပ်ဖြစ်သော်လည်း လက်ရှိတွင် ရှေ့တန်းသို့ စေ လွှတ်မှု များရှိ နေခြင်း၊ တပ်တွင်း ဖိနှိပ်မှုများ များပြားနေခြင်းတို့ကြောင့် ထွက်ပြေးသည့် စစ်သည်များ များပြားနေပြီး လက်ရှိတွင် ခွင့်မဲ့ထွက် ပြေးသည့် စစ်သည် ၆ ဦးရှိနေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s