ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က အရေးပါသည့် လမ်းများကို မြေကော်စက်များဖြင့် ဆက်တိုက် ဖျက်ဆီးနေ

မွန်ပြည်နယ်၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် စစ်တပ်က အရေးပါသည့် လမ်းများကို မြေကော်စက်များဖြင့် ဆက်တိုက် ဖျက်ဆီးနေကြောင်း သိရှိရ သည်။

မေလ ၁၉ ရက်နေ့မွန်းလွဲ ၃ နာရီအချိန် ဘီးလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာ ဇီးဝန်း ဘုရားအနီး ခရိုင်ချင်းဆက်လမ်းကို စစ်တပ် အင်အား ၃၀ ခန့်က မြေတူးစက်၊ မြေကော်စက်များဖြင့် လာရောက်ဖျက်ဆီးသွားကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူထံမှ သိရှိရသည်။

အလားတူ ကျိုက်ထိုမြို့နယ်တွင် အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာသို့ ဝင်သည့် လမ်းကို အကြမ်းဖက် စစ်ကောင်စီက မေလ ၂၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးများ ပစ်ခတ်၍ လမ်းကို ဘက်ဟိုးများဖြင့် ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အင်အား ၇၀ ကျော်ပါသည့် စစ်ကြောင်းက ကားသေး ၁ စီးနှင့် ဖောကား ၁ စီးသည် ကျောက်ပုံကျေးရွာသို့ မေလ ၂၁ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် ကြိုတင်၍ ကင်းပုန်းဝပ်နေခဲ့ပြီး ညနေ ၄ နာရီကျော်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကြောင်းက ပတ်ဝန်းကျင်ကို လက်နက်ကြီး အချက်အပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း၊ ည ၇ နာရီခန့်တွင် ဘက်ဟိုးကို ကားဖြင့်သယ်လာပြီး လမ်းများကို ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

” မွန်းလွဲ ၃ နာရီလောက်မှာ ကားသေးတစ်စီး ဖောကားတစ်စီးနဲ့ စစ်ခွေး ၇၀ လောက် ကျောက်ပုံနားမှာ အရင်ကင်းပုန်းလာဝပ်တာ။ ၄ နာရီလည်းကျော်ရော လက်နက်ကြီးတွေ စထုပါလေရော။ အချက်ရေ တော်တော်များတယ်။ ပထမ တော့ စစ်ကြောင်းထိုးမယ်ထင်တာ။ ည ၇ နာရီလောက်ကျတော့ ဘက်ဟိုးကို ကားနဲ့တင်လာပြီး လမ်းကို လာဖျက်ဆီးတာ ” လို့ ဒေသခံတစ်ဦးက ပြောကြား သည်။

ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ဖျက်ဆီးမှု ခံရသည့် လမ်းမှာ ၃ လမ်းရှိပြီဖြစ်ပြီး အဆိုပါ ၃ လမ်းလုံးမှာ အာရှလမ်းမကြီးနှင့် ချိတ်ဆက် ဆက် စပ်နေသည့်လမ်းများသာ ဖြစ်ကြောင်း၊ စစ်ကောင်စီက လမ်းများကို ဖျက်ဆီး နေ သည့်အတွက် ကျေးရွာ ၉ ရွာမှ ဒေသခံပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်နေကြောင်း ဒေသပြည်သူများထံမှ သိရှိသည်။

” တိတိကျကျဆို မဲရုံးလေး ၊ မဲရုံးကြီး၊ ကဒိုင်တွတ်၊ မိုးဘော ၊ နတ်စင် ၊ ကျောက် ဖျာ၊ ရွာသစ်၊ ခမောက်ခွေ၊ ကော်ကပ် ကျေးရွာတွေ။ ဖျက်ဆီးခံရတဲ့ လမ်းတွေ ကနေ အဲ့လမ်းကနေ ဆောင်နိုင်ကြီး ကင်မွန်းချောင်းဘက် ပြန် ထွက်လို့ရ တယ်” ဟု Kyaikhto Information Team အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဘီးလင်းနှင့် ကျိုက်ထိုမြို့တို့သည် KNLA တပ်မဟာ ၁ တပ်ရင်း ၃ ထိန်းချုပ်ရာ နယ် မြေများဖြစ်ပြီး စစ်တပ်က ဖြတ် ၄ ဖြတ်ပုံစံဖြင့် လမ်းများကို ဖြတ်တောက် နေခြင်း ဖြစ်ကြောင်း Kyaikhto Information Team အဖွဲ့ထံမှ သိရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s