မတ္တရာတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၅ ဦးသေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကျောက်တံတားကျေးရွာ ကြားတွင် ယနေ့ မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ယာဥ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)ပြန်ကြားရေးဗျူရိုမှသတင်းထုတ်ပြန် ထားသည်။

မန္တလေးမှ မတ္တရာမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးရန်ထွက်ခွာလာသည့် စစ်ကားကိုးစီးပါ ယာဉ်တန်းကို ထန်းပင်ကုန်းကျေးရွာနှင့်ကျောက်တံတားကျေးရွာကြားအရောက်၌ ရှေ့ထွက်မိုင်းသုံးလုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားအသေးတစ်စီးနှင့် အကြီးတစ်စီးထိမှန်ခဲ့ပြီး နေရာတွင်ရပ်သွားကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“နောက်ဆက်တွဲသတင်းတွေအရ ဗိုလ်အပါဝင်ငါးဦး မုန့်ဟင်းခါး(သေဆုံး)ဖြစ်သွားပြီး အများအပြားထိ ခိုက်ဒဏ်ရာရသွား​တယ်” ဟု ပြန်ကြား ရေးဗျူရိုကပြောသည်။

“ဖြစ်တာက ထန်းပင်ကုန်းရွာနဲ့ ပိုနီးတယ်။ အသံကတော့ ကျွန်တော်ဘက်ကလည်း ကြားရတယ်။ ဗိုလ်တဦးသေတယ်ဆိုပြီး ထန်းပင်ကုန်းထဲ ပတ်ကြမ်းသွားတယ်”ဟု ကျောက်တံတားကျေးရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရသည့်နေရာအနီးမှ ထန်းပင်းကုန်းကျေးရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေရာ ည ၇ နာရီအထိ ပြန်ထွက်မသွားသေးကြောင်း ဒေသခံ တစ်ဦးကဆိုသည်။

“မီးရှို့တာဘာညာတော့ လောလောဆယ်လုပ်တာ မတွေ့ရသေးဘူး။ ရွာအပြင်လည်း ထွက်ခွင့်မပေးသေး ဘူး” ဟု ၎င်းဒေသခံက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဉ်တန်းသည် မတ္တရာမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးရန် သွားရောက်သည့် ယာဉ်တန်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s