မန္တလေးမြို့ပြပြောက်ကျားခေါင်းဆောင်အ ပါအဝင် ၁၃ ဦးဖမ်းမိထားကြောင်း စစ်ကောင်စီထုတ်ပြန်

မန္တလေးမြို့ပြပြောက်ကျားရှစ်ဦးနှင့် ထောက်ပံ့သူငါးဦးကို ဖမ်းမိထားကြောင်း စစ်ကောင်စီက မေလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထား သည်။

မန္တလေးမြို့၌ အမျိုးသမီးသုံးဦးအပါအဝင် လူငယ် ၁၃ ဦးအား စစ်ကောင်စီတပ်ဖွဲ့က မေလ ၁၈ ရက်နေ့ တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မခိုင်ခိုင်အောင်ကို အဲဒီနေ့ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကားလေးစီးနဲ့အိမ်ကိုရောက် လာပြီး ရိုက်နှက်ဖမ်းခေါ်သွားတယ်။ နောက်နေ့မှသိရတာက သူအပါအဝင် အားလုံးပေါင်း ၁၃ ယောက်လို့ အတွင်းသတင်းသိရတယ်။ အမျိုးသမီးတွေက ထောက်ပို့လုပ်တယ် ကျန်တာတွေက PDF တွေဆိုပြီး နန်းတွင်းမှာ ဖမ်းထားတာ” ဟု သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

အဆိုပါလူငယ် ၁၃ ဦးသည် မန္တလေးနှင့် စစ်ကိုင်းမြို့များအတွင်း စစ်ကောင်စီဆန့်ကျင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် ငွေကြေးထောက် ပံ့ခြင်းတို့ကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့မှာ Royal Phoenix Guerrilla Force-RPGF အဖွဲ့မှ ခေါင်းဆောင်၊ ဒုခေါင်းဆောင်၊ အဖွဲ့ဝင်ခြောက်ဦး၊ ၎င်းအဖွဲ့အား ငွေကြေးထောက်ပံ့သူလေးဦးနှင့် လက်နက်သိမ်းဆည်းပေးသူတစ်ဦးဖြစ်ကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြို့ခံ ၁၃ ဦးကိုဖမ်းဆီးပြီးနောက် PDF အဖွဲ့ကို ဖမ်းမိကြောင်း ဝါဒဖြန့်ခြင်းသာဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။

“အဲဒီနေ့(မေ ၁၈ ရက်)က သူတို့က တစ်နေကုန် ဖမ်းဆီးရေးတွေလုပ်ခဲ့တယ်၊ တချို့ကို ထောက်ပို့လို့ စွပ်စွဲ တယ်၊ RPGF အဖွဲ့ခေါင်းဆောင်တွေပါတယ်လို့လည်း သတင်းလွှင့်ထားတယ်၊ ပြောက်ကျားတွေ ဟုတ် မဟုတ် ကျွန်တော်တို့မသိပေမယ့်၊ ဖမ်းသွားတဲ့အထဲက တချို့က အပြစ်မဲ့အ ရပ်သားတွေပါ” ဟု ဖမ်းဆီး စွပ်စွဲခံထားရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် RPGF အဖွဲ့နှင့် အဆက်အသွယ်ရရန် ကြိုးပမ်းနေသော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် RPGFအဖွဲ့သည် စောဘငြိမ်း(ခ)ပြည်ငြိမ်းချမ်း(ခ)ကိုစော(ခ)ကိုပြည့် နှင့် ချမ်းမြေ့ဦး(ခ)ဘရိတ်ကီ (ခ) ကောက်ကြီးတို့ကခေါင်းဆောင်ကာ အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ဟိန်းမြတ်မင်း(ခ)ဖိုးသား၊ ဒေးဗစ်၊ ခေါင်းကြီး၊ ဘီလူး၊ ပေါက်ကျော်(ခ)စကုတ်၊ ကျော်ကြီး(ခ) အရှည်ကြီး၊ ထွန်းထွန်း(ခ)ဂျင်းမွှေးနှင့်မဲကြီးတို့ကို ဆက်လက်ဖမ်းဆီးရန်ကျန်နေသေးကြောင်း ဖော်ပြ ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s