မိုင်းပွန် ခမရ ၅၁၇ တပ်မှ ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲတွင် သေဆုံး၊ မင်္ဂလာ ဆောင် အပြီး ၅ လအကြာ တိုက်ပွဲတွင် သေဆုံးခဲ့ပြီး အလောင်းပြန်မရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၁၇ တပ်မှ ဗိုလ်ကြီးမျိုးသီဟ သည် ကရင်နီပြည်နယ် အတွင်းတိုက်ပွဲတွင် သေဆုံးသွားပြီး အလောင်း ပြန်မရကြောင်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

မေလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွင် ဗိုလ်ကြီးမျိုးသီဟ သေဆုံးသွားခြင်းဖြစ်ပြီး အလောင်းပြန်မရဘဲ နေအိမ်ကိုသာ စစ်တပ်က အကြောင်းကြားလာကြောင်း၊ ဗိုလ်ကြီး မျိုးသီဟသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း မင်္ဂလာဆောင်ခဲ့ပြီး ၅ လအကြာ မေလ ၂၀ ရက်နေ့တွင် တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

“သိရသလောက်တော့ မင်္ဂလာဆောင်ပြီးတော့ ခွင့်တောင် သိပ်မရလိုက်ဘူး။ ရှေ့တန်း ထွက်ခိုင်းတာလို့သိရတယ်။ အခု နာရေးကတော့ တပ်ထဲမှာ အလောင်း ပြန်မရဘူး။ မိုင်းပွန် ခမရ ၅၁၇ က ဗိုလ်ကြီးမျိုးသီဟ။ သူ့အမျိုး သမီးဆို ရင်တွေကွဲပေါ့။ မိုင်းပွန်နယ်မှာ အဲဒီ တပ်တစ်ခုပဲရှိတာ” ဟု မိသားစု နှင့်နီးစပ်သူ မိတ်ဆွေက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ တပ်များအားလုံးကို ကရင်နီ ပြည် နယ်ထဲသို့ လည်းကောင်း၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်တွင် လည်းကောင်း အင်အား အလုံးအရင်းဖြင့် ချထားကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု အလွန်များပြားနေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးမှစ၍ အရာရှိများအပါအဝင် စစ်သားများ သေဆုံးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s