မုံရွာမြို့ သာစည်ရဲစခန်းမှ ရဲတပ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် သာစည်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးအနီးကပ်ပစ်ခတ်ခံရသဖြင့် တစ်ဦး သေဆုံးသွားကြောင်း ပုဏ္ဏကပြောက် ကျားတပ်ဖွဲ့(မုံရွာ)ကထုတ်ပြန်ထားသည်။

သာစည်ရဲစခန်းမှ ကျေးရွာအတွင်းသို့ ကွမ်းယာဝယ်ထွက်လာချိန်မေလ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်တွင် အလစ်အငိုက် ဝင်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“ကျနော်တို့ ဝင်ပစ်ခတ်ခဲ့တာ သူတို့ဖက်က ပြန်ပစ်ချိန်မရဘူး။ သေတာက နေရာတင်မဟုတ်ဘူး ခွေးခြံ (ရဲစခန်း)ရောက်မှ သေတာ”ဟု ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုမိုးကြီး ကမဇ္စျိမကိုပြောသည်။

အဆိုပါ ရဲတပ်သားနှစ်ဦးအား ပစ္စတိုဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကာ ပြန်လည်သယ်ဆောင်သွားပြီးနောက် ရဲစခန်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်အား ၂၀ ခန့်ရှိအဆိုပါရဲစခန်းမှ ရဲတပ်သားများကကျေးရွာအတွင်း သေနတ်များပစ်ဖောက်ကာ ဆဲဆိုနေကြကြောင်း ကိုမိုးကြီးကပြောသည်။

သာစည်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စခန်းအရှေ့မှဖြတ်သန်းသွားလာသည့် ဆီကား၊ ထင်းကား၊ ဝါး ကားများကိုတား၍ ငွေကောက်ခံကြောင်းနှင့် အနီးပတ်ဝန်းကျင်သို့ စစ်ကြောင်းထိုးရာတွင်လည်းလိုက်ပါ လေ့ရှိကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့်အတူမုံရွာခရိုင်တပ်ရင်း (၂၄) တပ်ခွဲ(၁) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၄) တို့ကပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကလည်းမုံရွာစီးပွားရေးတက္ကသိုလ်ရှေ့၌ ကင်းစောင့်နေ သော စစ်ကောင်စီတပ်သား လေးဦးကိုပုဏ္ဏပြောက်ကျားတပ်ဖွဲ့ နှင့် မဟာမိတ်များက ကားပေါ်မှ ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s