မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသား၇ ဦးကို စစ်တပ်နှင့် ရဲက အကြောင်းမဲ့ ခေါ်ထုတ် ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြနေ

မန္တလေးတိုင်း မြင်းခြံဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၇ ဦးကို စစ်တပ်နှင့် ရဲများက အကြောင်းပြချက်မရှိ ခေါ်ထုတ် ရိုက်နှက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ ထောင် ပြန်ရောက်ကာ ၆ ဦးမှာမူ လက်ရှိ အချိန်အထိ ပြန် လည်လွတ်မြောက်လာခြင်း မရှိကြောင်း အကျဉ်းထောင် နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင် ၊ ကိုဥက္ကာ၊ ကိုကျော်တင့်ဦးနှင့် ကိုအော င်မျိုးသန့်တို့ကို စစ်တပ်က ထောင်အတွင်းမှ ခေါ်ထုတ်ပြီး ရိုက်နှက်စစ်ဆေး ကြောင်း၊ ကိုကျော်တင့်ဦးမှာမူ အကျဉ်းထောင်သို့ ပြန်လည်ရောက်ရှိ လာပြီးဖြစ်သော်လည်း ၎င်း၏ အခြေအနေကို စုံစမ်း၍ မရသေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။

“မနက်ကတည်းက ဘာအကြောင်းပြချက်မပေးဘဲနဲ့ခေါ်သွားတယ်။ သူတို့တွေက တက်ကြွလှုပ်ရှားသူတွေပါ။ ခေါ်တာက ၇ ယောက် ပြန်ပို့တာက ၁ ယောက်။ အဆောင်တွေကိုလည်း ရှာတယ်။ အဓိက အဆောင်တွေမှာ ဖုန်းတွေ ရှာနေတယ်။ ဖမ်းဆီးခေါ်ဆောင်သွားခံရသူတွေက မန္တလေး ၂ ယောက်၊ မြင်းခြံ ၂ယောက် ၊ တောင်သာက ၂ ယောက်၊ မုံရွာက ၁ ယောက်က ပြန်ရောက်လာပြီ။ ကိုကျော်တင့်ဦး ဆိုတဲ့ တစ်ယောက် ပြန်ရောက်လာပြီ ။ သူက ၁၂ လောက်က ပြန်ရောက်လာတယ်။ တခြား အခန်းမှာထားထားတယ်။ ရှာဖွေရေးက ဆက်တိုက်ကြမ်းနေတယ်” ဟု အကူအညီပေးနေသူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသားများကို မတရားရား ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်မှုနှင့် ပတ်သက်၍ ထောင်တွင်း ကျန်ရှိ နိုင်ငံရေးအ ကျဉ်းသားများက မကျေနပ်သဖြင့် ထောင်က ဝေသည့် ထမင်းနှင့် ဟင်းများကို လက်မခံဘဲ ထောင်တွင်းတွင် အစာငတ်ခံ ဆန္ဒပြနေကြကြောင်း မြင်းခြံအကျဉ်းထောင်နှင့် နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် မြင်းခြံထောင်အတွင်းတွင် အိပ်ဆောင်များကို တန်းဖွင့်ထားခြင်းမရှိဘဲ အကျဉ်းသားများကို အဆောင်ထဲတွင် သော့ခတ်ပိတ်ထားကြောင်း၊ စစ်သားနှင့် ရဲများသည် အုတ်ရိုးအတွင်းတွင် တပ်စွဲထားကြောင်း သိရှိရသည်။

မြင်းခြံထောင်တွင် စစ်သားနှင့် ရဲများ၏ ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား များထဲ မှ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုဥက္ကာမှာ စစ်သားနှင့် ရဲများ၏ ရိုက်နှက်စစ်ဆေးမှုကြောင် သေဆုံးသွားပြီဟူ၍ သတင်းများ ထွက်ပေါ်နေပြီး ရန်ကုန်ခေတ်သစ်မီဒီယာအနေနှင့်မူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s