မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို မောင်းသူမဲ့လေယာဉ်များ၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTFထံမှ သိရှိရသည်။
မေလ ၂၁ ရက်နေ့ နံနက်အစောပိုင်း အင်အား ၉၀ ခန့် ပါသော စစ်တပ် စစ်ကြောင်းက လင်းကတော ရဲစခန်းအတွင်းသို့ ဝင်ရောက်၍ ဝပ် နေစဉ် မွန်းတည့် ၁၂ နာရီအချိန် ညီနောင် မဟာမိတ်များဖြစ်သည့် ဆားလင်းကြီး၊ေရစကြို၊ မြိုင် မြို့နယ်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက စုပေါင်းကာ Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့လေယာဉ် များအပြင် Multirotor Drone များဖြင့်လည်း ဗုံးသီးများစွာကို ပစ်မှတ် တိကျမှန် ကန်စွာ စနစ်တကျ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်စစ်ကြောင်းဘက်မှ ထိခိုက်မှုများ များစွာရရှိနိုင်သော်လည်း သတင်းသတိအကျကိုတော့ စစ်ကြောင်းဖြစ်နေသည့်အတွက် မြေပြင်သတင်းထောက်မှ ထောက်လှမ်း အတည်ပြု ၍မရရှိ နိုင်သေးကြောင်း၊ စက်ပစ္စည်း ချို့ယွင်း ၍ လေယာဉ်ငယ် တစ်စီးအား ဆုံးရှုံးခဲ့ရကြောင်း Salingyi Special Task Force – SSTF ထံမှ သိရှိရသည်။ khit thit