ယင်းမာပင်မြို့နယ်တွင် AK 47 လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင် လာ သော ပျူစောထီး ၁ ဦးကို သိန်း ၁၀၀ ချီးမြှင့်ပြီး ၎င်း၏ မိသားစုကိုပါ ကယ် ထုတ်ပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ(ပျူ)စခန်းမှ ပြည်သူ့ရင်ခွင်ထံ လက်နက်နှင့်တကွ အလင်းဝင်လာသော ပျူ(ပြည်သူ့စစ်) တစ်ဦးကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပြီး မိသားစုကိုပါကယ်ထုတ်ပေး နိုင်ခဲ့ကြောင်း ဗိုလ်ထွန်း တောက် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ (ပျူ) စခန်းမှ ပျူစောထီး (ပြည်သူ့ စစ်)တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ၏ ယုတ်မာကောက်ကျစ်မှုများကို အသိအမြင်မှန်ရပြီး ဗိုလ်ထွန်း တောက် အဖွဲ့နှင့် ညီနောင်တပ်ဖွဲ့ဖြစ်သော ဗျတ္တညီနောင်အဖွဲ့ထံသို့ ဆက် သွယ်ကာ လက်နက် နှင့် ခဲယမ်း များ နှင့်တကွ ခိုလှုံခဲ့ကြောင်း၊ အလင်းဝင် လာသူကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပြီး မိသားစု များကိုပါ အေးချမ်းလုံခြုံရာ နေရာသို့ ပို့ဆောင် ထားကြောင်း သိရသည်။

“သူတို့က ထွက်ချင်နေတာကြာပြီ၊ မလစ်လို့သာမထွက်လာရတာ၊ အခုလည်း တောထဲ ဟင်းရွက်ခူးသွား မယ်ဦးမယ်ဆိုပြီး ထွက်လာခဲ့ကြတာ၊ မိသားစု တွေကလည်း ၉‌ ယောက်လောက်ရှိတယ်၊ ချီးမြှင့်ငွေ ကတော့ ကျနော်တို့နဲ့ နီးစပ် ရာတပ်ဖွဲ့တွေဆီကနဲ့ ပြည်သူတွေဆီက ချေးငှားပြီး ဂုဏ်ပြုပေးလိုက် တာ၊ သူတို့လည်း လုပ်ကိုင်စားသောက်ရေး အဆင်ပြေစေဖို့ပါ” ဟု ဗိုလ်ထွန်း တောက် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလင်းဝင်လာသူ ပျူစောထီးက AK 47 လက်နက် တစ်လက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်အ တောင့် ၉၀၊ အိုင်ကွန်စက်လုံးတို့နှင့် အတူ ပြည်သူ့ရင်ခွင် ထံ အလင်းဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ ဗိုလ်ထွန်းတောက်တပ်ဖွဲ့ နှင့်ဗျတ္တညီ နောင်အဖွဲ့သည် ပြည်ထောင်စုလွတ်မြောက် ရေး တပ်ဦး(ULF ,Union Liberation Front)၊ Comrade Column(CC)အဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s