ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင် စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေကြောင်း Black Wolf Army ထံမှ သိရသည်။

၀က်လက်မြို့နယ်၊ ဟံလင်းကျေးရွာမှ ရွှေဘိုမြို့ဘက်သို့ထွက်ခွာလာသည့်အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား မေလ ၁၄ ရက်နေ့က နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲတွေက ၁၄ ရက်နေ့ကတည်းက စဖြစ်နေတာ။ ၀က်လက်နယ် ဟံလင်းရွာကထွက်လာတဲ့ စစ်ကောင်စီတပ်ကို ရွှေဘို၊ ကံကြီးတောရွာ မြောက်ဘက်အနီးမှာ ကျွန်တော်တို့အဖွဲ့တွေက လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”ဟု Black Wolf Army တပ်ဖွဲ့ တာ၀န်ရှိ သူက မဇ္စျိမကို ပြောသည်။

ထို့သို့ တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်က ဆက်လက်စစ်ကြောင်းထိုးလာသည့်အတွက် ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်ပြီးတဲ့အချိန်မှာ မရပ်ဘဲစစ်ကြောင်းဆက်ထိုးလာတယ်။ အဲဒီတော့ သူတို့ကို ရွှေဘိုမြို့နယ် ဆည်ကြီးရွာ စာသင်ကျောင်းအနီးမှာထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အနီးကပ်အနေအထားနဲ့ ထိတွေ့ တိုက်ပွဲအသေးစားဖြစ်ပွားခဲ့ပါတယ်” ဟု Black Wolf Army တာ၀န်ရှိသူက ဆိုသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ စောင့်ကြိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးသည်ကို အတည် ပြုနိုင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း မိုင်းခုနစ်လုံးအပြင် ကားတစ်စီး ဆုံးရှုံးခဲ့ရကြောင်း သိရ သည်။

မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ကလည်း ရွှေဘိုမြို့နယ်၊ ကိုးပင်ရွာလမ်းခွဲ၌ ကင်းပုန်း၀ပ်ရန် ထွက်ခွာလာသည့် အင်အား ၂၀ ဦးပါ စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ ၁၄ ရက်နေ့ကတည်းက ဒီကောင်တွေ စစ်ကြောင်းထိုးလာတာကို ကြားဖြတ်တိုက်တာတွေ ရှိနေတာ။

အဲဒီကတည်းက ကြိုကြားကြိုကြား တိုက်ပွဲတွေဖြစ်တယ်။ ၁၉ ရက်နေ့မှာတော့ ကျွန်တော်တို့ကိုချဖို့ ကင်း ပုန်း၀ပ်စောင့်နေတဲ့ ကောင်တွေကို လက်နက်ကြီး ၁၀ လုံးပစ်တယ်။ ဒရုန်းနဲ့ သုံးခါချပြီး တိုက်ခိုက်ခဲ့ပါ တယ်” ဟု တပ်ဖွဲ့တာ၀န်ရှိသူက ပြောသည်။

တိုက်ခိုက်မှုဖြစ်စဥ်များနှင့်ပတ်သက်ပြီး မြေပြင်အခြေအနေနှင့် လုံခြုံရေးအရ ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၁ ရက်နေ့မှသာ သတင်းထုတ်ပြန်လာခဲ့ခြင်းဟုဆိုသည်။ တိုက်ခိုက်မှုများကို Black Wolf Army တပ်ဖွဲ့အပြင် Who Am I တပ်ဖွဲ့၊ တိုက်နယ် ပကဖ(၄)တို့ ပူးပေါင်းလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ရွှေဘိုမြို့နယ်အနီးတ၀ိုက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်ကာ မီးရှို့ဖျက် ဆီးခြင်းများပြုလုပ်နေပြီး ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း ဒေသခံများကပြောသည်။

ထိုသို့စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို Black Wolf Army နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ များက မေလ ၁ ရက်နေ့မှ ယနေ့ မေလ ၂၂ ရက်နေ့အထိ တိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s