လားရှိုးမြို့ နည်းပညာအထက်တန်းအသက် မွေးကျောင်းတွင် ပေါက်ကွဲမှုဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်းရပ် အစိုးရ နည်းပညာအထက်တန်း အသက်မွေးကျောင်းအတွင်းမှာ မေ ၂၂ ရက် မနက် ၁ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ညကြီးဖြစ်တာဆိုတော့ ဘယ်သူမှ သွားမကြည့်ရဲဘူး။ ခုမနက် ၈ နာရီလောက်မှာတော့ စစ်တပ်က လာစစ်တယ်” လို့ အနီးအနားမှာ နေထိုင်သူတဦးက ပြောပါတယ်။

မနက် ၁ နာရီ ၁၀ မိနစ်လောက်က ပေါက်ကွဲခဲ့ပြီး အစိုးရ နည်းပညာအထက်တန်း အသက်မွေးကျောင်းဝန်းအတွင်း ဆောက်လက်စ အ ဆောက် အဦတလုံးရဲ့ အမိုးတွေ ပွင့်ထွက်ကုန်ပြီး နံရံတွေ ပေါက်​ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

လူထိခိုက်ဒဏ်ရာရသွားတာမျိုး မရှိပေမဲ့ ဗုံးစတွေက ကျေးရွာအတွင်းရှိ လူနေအိမ်တွေပေါ်လည်း ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် အနီးနားရှိ နေအိမ်တွေလည်း အနည်းငယ် ထိခိုက်မှု​ရှိတယ်လို့ ဆိုပါတယ်။

လမ်းတဖက်က အိမ်အတွင်းထဲအထိ လွင့်စဉ်လာခဲ့ပြီး အိပ်ပျော်နေတဲ့ လူကြီးတဦးအနီး ရှပ်ဖြတ်သွားတယ်လို့ ပြောပါတယ်။

မေ ၂၂ ရက် မနက် ၁ နာရီလောက်က လားရှိုးမြို့နယ်၊ ဆုံကွယ်ရွာ၊ အေတီသျှမ်းကုန်းနား နည်းပညာအထက်တန်းကျောင်း အဆောက်အအုံကို PDF က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်သွားခဲ့တာကြောင့် ရှော့တိုက်ဒုံး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးထပ်ဆောင်နဲ့ အပေါ်ထပ်အမိုး၊ မျက်နှာ ကြက်နဲ့ မှန်တံခါးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ စစ်တပ်ပိုင် တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးမှုတွေ ရှိနေပေမဲ့ လမ်းပိတ်တာမျိုး၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာမျိုးမရှိဘဲ ကျောင်းထဲမှာပဲ ဝင်စစ်တာလို့လည်း ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် ရပ်ကွက်ထဲမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s