လှတောရဲစခန်းရှေ့၌ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၇ ဦး သေဆုံးကြောင်းကာကွယ်ရေးတပ်ဖွဲ့ပြော
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ လှတောရဲစခန်းရှေ့ ကင်းဂိတ်ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှအနီးကပ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲခုနစ်ဦး သေဆုံးသွားကြောင်းဗန္ဓုလနှင့် အဖွဲ့သားများ(LDF) တာဝန်ရှိသူက မဇ္ဈိမကို အတည်ပြု ပြောသည်။
မေလ ၂၁ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် လှတောရဲစခန်းအရှေ့ရှိစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကားလမ်းပေါ်တက်ပြီး နှစ်ယောက်ကဖုန်းပြောနေတာ သေနတ်မပါဘူးဗျ။ အဲဒီနှစ်ယောက်နဲ့ အဝေးမှာ ရှိတဲ့ သေနတ်ပါသူကို အရင်ပစ်ပြီးမှ ဖုန်းပြောတဲ့သူကိုပစ်တာ။ နောက်ပြီး စက်ကလေးသမားနဲ့ ကင်းချိန်း
နေ့တဲ့လူစုကို ဆက်ပစ်ခဲ့တာ”ဟု ဗန္ဓုလနှင့်အဖွဲ့သားများ ပြန်ကြားရေးတာဝန်ခံ ရာမက မဇ္စျိမကို ပြောသည်။အဆိုပါ ရဲစခန်းတွင် ရဲအင်အား ၁၈ ဦးရှိပြီး ဖြတ်သန်းသွားလာသည့်
ကား၊ ဆိုင်များကိုစစ်ဆေးပြီး ပိုက်ဆံများ အဓမ္မတောင်းခံလေ့ရှိကာ အထူးသဖြင့် ညနေပိုင်း အချိန်များတွင် ဂိတ်အဝင်ဝကို ပိတ်ပြီး ပိုမို စစ် ဆေး၍ ငွေတောင်းခံလေ့ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရဲစခန်းရှေ့က ရဲတပ်ဖွဲ့ဝင်များ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦး တည်ရာမဲ့ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
ရဲစခန်းအား သွားရောက်ပစ်ခတ်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ သည် ဟု ဗန္ဓုလနှင့်အဖွဲ့သားများ ပြန် ကြားရေးတာဝန်ခံ ရာမက မဇ္စျိမ ကိုပြောသည်။
ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲများသေဆုံးမှု အခြေအနေ အသေးစိတ်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကို ဗန္ဓုလနှင့်အဖွဲ့သားများ (LDF)နှင့်အတူ ဝက်လက်မြို့နယ် (ပကဖ) ဆောင်မုန်းတိုင်း အဖွဲ့၊ ဝက်လက်မြို့နယ် (ပကဖ) တစ် ကိုယ်တော်မိုက်ခဲအဖွဲ့ ၊ မုံရွာ ဗိုလ်ပစ်ထောင်ဖွဲ့ ၊ဝက်လက်မြို့နယ်
တိုက်နယ် (၄) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ပန်းပျိုးလက် တော်လှန်ရေး အင်အားစုများမှ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ
စစ်ကောင်စီတပ်သားများ လိုက် ပါလာသည့် သံပြားကား (ဒေသအခေါ်) တစ်စီးနှင့် ကြေးနီများသယ်ဆောင်လာသော တွဲကား ခြောက်စီး ကို မုံရွာ – မန္တလေးလမ်းမကြီး တစ်နေရာတွင် ဗန္ဓုလနှင့် အဖွဲ့သားများနှင့် မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ mizzima