ဝက်လက်မြို့နယ်၊ လှတောရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရဲစခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်တပ်လက်အောက်ခံ ရဲ ၇ ဦးသေဆုံးခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ PDF မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယနေ့ မေလ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲအင်အားအများအပြား ဖြင့်တပ်စွဲထားသော လှတောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အလစ်အငိုက်ဝင်ရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၇ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ညနေ ၄ နာရီခွဲလောက်မှ ကားနဲ့သွားပြီး အလစ်အငိုက်ဝင်ပစ်ခဲ့တာ၊ ရဲခွေးဘက်က နည်းနည်းပဲ ပြန်ပစ် နိုင်တယ်၊ ပစ်ပြီး ပြန်ထွက်လာခဲ့တာ၊ သိပ်မကြာလိုက်ဖူး၊ ရဲ ၇ ဦးနေရာမှာသေပါတယ်” ဟု ဗန္ဓုလနှင့် အဖွဲ့သားများ PDF မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗန္ဓုနှင့်အဖွဲ့သားများ LDF ၊ ဝက်လက်မြို့နယ် ပကဖ ဆောင်းမုန်တိုင်းအဖွဲ့ ၊ ဝက် လက်မြို့နယ် ပကဖ တစ်ကိုယ်တော်မိုက်ခဲ အဖွဲ့၊ မုံရွှာ ဗိုလ်ပစ်ထောင်အဖွဲ့ ဝက်လက်မြို့နယ်တိုက်နယ် ၄ ၊ပြည်သူ့ကာကွယ်ရေအဖွဲ့ ပန်းပျိုးလက် တော်လှန်ရေးအင်အားစုတို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s