အကြမ်းဖက်စစ်ကောင်စီ လက်ထက် အကျင့်ပျက်ခြစားမှုများ အလွန် ဆိုးရွား နေ ပြီး တ ရားမဝင် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး၏ မိ သားစု နိုင်ငံတကာ လောင်စာဆီ ကုမ္ပဏီများထံမှ အကျိုးအမြတ်များစွာ ရနေ

အကြမ်းဖက်စစ်ကောင်စီ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦးရဲ့ မိသားစုဝင်တွေဟာ နိုင်ငံ တကာလောင်စာဆီ ကုမ္ပဏီတွေဆီက အကျိုးအမြတ် ရရှိနေပြီးတယ်လို့ မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Justice For Myanmar က ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

မျိုးမြင့်ဦးရဲ့ ဇနီးဖြစ်သူ ဒေါက်တာဥမ္မာမေတင်လှိုင်ဟာ သဘာဝ ပတ်ဝန်း ကျင် ဆိုင်ရာ အကြံပေးလုပ်ငန်းတစ်ခုကို တည်ထောင်ထားပြီး အဲ့ဒီကုမ္ပဏီ ကတ ဆင့် မြန်မာနိုင်ငံမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ လောင်စာဆီ ထုတ် လုပ် ရေး နဲ့ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေဆီကနေ အ ကျိုးအမြတ်တွေ ရရှိနေ တယ်လို့ Justice For Myanmar ကထုတ်ပြန်ခဲ့တာပါ။

အခုလို စစ်အုပ်စုဝန်ကြီးရဲ့ဇနီးက စစ်အုပ်စုရဲ့ လုပ်ငန်းတွေကနေ စီးပွားရေး အကျိုးအမြတ်တွေ ရနေတယ် ဆိုတာက သူတို့အနေနဲ့ အကျိုး စီးပွား ပဋိပက္ခ ရှိနေတယ် ဒါမှမဟုတ် အဂတိလိုက်စားမှု အကြီးအကျယ် ရှိနေတယ် ဆိုတာ ထင်ရှားစေတယ်လို့ JFM ကဆိုပါတယ်။

ဒေါက်တာဥမ္မာမေတင်လှိုင်ရဲ့ စီးပွားရေးလုပ်ငန်း Environmental Quality Management Company Limited (EQM) ကို စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီအစိုးရ လက်ထက် ၂၀၁၂ ခုနှစ်အတွင်း မှတ်ပုံ တင် ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစီးပွားရေးလုပ်ငန်းကို အစိုးရအဆင့်မြင့်အရာရှိကြီး တစ်ဦးဖြစ်ခဲ့တဲ့ ဖခင်ဖြစ်သူ တင်လှိုင်နဲ့အတူ ပိုင်ဆိုင်တာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ စစ်တပ်ကြိုးကိုင်အစိုးရက ခင်ပွန်းဖြစ်သူ မျိုးမြင့်ဦးကို မြန် မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းရဲ့ ဦးဆောင်ညွှန် ကြားရေးမှူးအဖြစ် ရာထူးတိုးမြှင့် ခန့်အပ်ခဲ့ပါတယ်။

MOGE ဟာ ပုံမှန်အားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို ကြီးကြပ်ရတဲ့ အစိုးရပိုင်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး၊ နိုင်ငံတော်ကိုယ်စား အခွန် ကောက် ခံသူ အဖြစ်ရော၊ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ စီးပွားရေး မိတ်ဖက် အဖြစ် နဲ့ပါ ဆောင်ရွက်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်အုပ်စုက သူရဲ့ စွမ်းအင်ဝန်ကြီးဌာနကတဆင့် MOGE ကို တရားမဝင် ထိန်းချုပ်ထားပါတယ်။

မျိုးမြင့်ဦးဟာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ တရားမဝင်စစ်အုပ်စုက သူ့ကို စွမ်း အင် ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့အချိန်အထိ ၈ နှစ်ကြာ MOGE ကို ဦးဆောင် ခဲ့သူဖြစ်ပါတယ်။ မျိုးမြင့်ဦးကို စစ်အုပ်စုအတွက် ပံ့ပိုးပေးနေတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အတွက် အမေရိကန်ပြည်ထောင်စု၊ အီးယူနဲ့ ကနေဒါနိုင်ငံ တို့က ဒဏ် ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ဒါပေမယ့်လည်း မျိုးမြင့်ဦးကို ဩစတြေးလျနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ် တာမျိုး မရှိသေးပါဘူး။ ဒေါက်တာဥမ္မာမေတင်လှိုင် ကိုလည်း ဘယ်နိုင်ငံကမှ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းမျိုး မရှိသေးပါဘူး။

မျိုးမြင့်ဦးကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရာမှာ အီးယူက “မျိုးမြင့်ဦးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ဝင်ရောက်ရင်နှီးမြှုပ်နှံနိုင်ဖို့ နိုင်ငံခြားမိတ်ဖက်တွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်မှုတွေရဲ့ အဓိက အခန်းကဏ္ဍမှာ ရှိပါတယ်။

ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွက် အခွန်ဝင်ငွေတွေ ဖန်တီးပေးပြီး၊ အဲ့ဒီကတဆင့် စစ်အစိုးရရဲ့ ဘဏ္ဍာငွေလိုအပ်မှု မရှိစေဖို့နဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ လေကြောင်း တိုက် ခိုက်မှု တွေ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ လေယာဉ်ဆီတွေ တင်ပို့နိုင်ဖို့အတွက်လည်း ပံ့ပိုးကူညီပေးနေပါတယ်” လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းကြိုးပမ်းမှုမတိုင်ခင်မှာရော၊ နောက်ပိုင်းမှာပါ ရေနံနဲ့သဘာဝ ဓာတ် ငွေ့ ကဏ္ဍကနေ အကျိုးအမြတ်တွေရရှိနေတဲ့ ဒေါက်တာ ဥမ္မာမေတင် လှိုင် နဲ့ EQM ကုမ္ပဏီတို့ရဲ့ အခန်းကဏ္ဍအကြောင်း ကို အခုအချိန်အထိ ဖော် ထုတ် ထားခြင်း မရှိသေးပါဘူး။

ဒေါက်တာဥမ္မာမေတင်လှိုင်ရဲ့ ကုမ္ပဏီ EQM ဝဘ်ဆိုဒ်မှာ စီမံကိန်း ၈၇ ခုကို ဖော် ပြ ထားပါတယ်။ အများစုက ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီ တွေ အတွက် ဖြစ်ပြီး၊ စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှု မတိုင်မီ အဲဒီစီမံကိန်း တွေ အားလုံးနီးပါး ပြီးစီးထားပြီးဖြစ်ပါတယ်။

လုပ်ငန်းအပ်တဲ့ ဖောက်သည်တွေ ထဲမှာ TotalEnergies ၊ ONGC Videsh၊ ENI၊ POSCO International၊ PTTEP ၊ Petronas၊ Shell နဲ့ Petroleum Brunei တို့ ပါဝင်ပါတယ်။

EQM က စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးတွေအတွက်လည်း ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ-

▪️၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်အတွင်းမှာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ထိန်းချုပ်ထားတဲ့ ပတ် ဝန်းကျင် ညစ် ညမ်းစေတဲ့ ဘိလပ်မြေစက်ရုံအတွက် လေထုညစ်ညမ်းမှုနဲ့ ဆူညံမှု စောင့်ကြည့်လေ့လာရေး

▪️၂၀၁၆ ခုနှစ်က မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က ထိန်းချုပ်ထားတဲ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းအတွက် ကနဦးသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုနှင့် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲလုပ်ဆောင်ခြင်း

▪️၂၀၁၂ ခုနှစ်က လက်ပံတောင်းကြေးနီ တူးဖော်ရေးလုပ်ငန်းအတွက် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာရေးတို့ ပါဝင်ပါတယ်။

မျိုးမြင့်ဦးဟာ MOGE ရဲ့ မန်နေးဂျင်းဒါရိုက်တာရာထူးနဲ့ စစ်အုပ်စု လက် အောက်ခံ စွမ်းအင်ဝန်ကြီးရာထူးတွေကို အသုံးချနေပြီး အကျိုးအ မြတ်ရနိုင်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ရည်ရွယ်ချက်ရှိရှိ တည်ထောင်ထားတဲ့ ဇနီးဖြစ်သူရဲ့ လုပ်ငန်းတွေကတဆင့် အကျိုးစီးပွားပဋိပက္ခ တွေဖြစ်နေ တယ်ဆိုတာ ပေါ်လွင်နေပြီး၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ ဆိုးရွားတဲ့ အကျင့်ပျက်ခြစားမှုတွေ ရှိနေတာဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ JFM က ထောက်ပြထားပါတယ်။

EQM ရဲ့ လုပ်ငန်းရှင်ဖောက်သည်တွေထဲမှာ ONGC Videsh, POSCO International နဲ့ PTTEP တို့က မြန်မာနိုင်ငံမှာ ဆက်ရှိနေပြီး၊ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးအတွက် ငွေကြေးပံ့ပိုး နေကြပါတယ်။ Chevron ကတော့ လက်ရှိ မြန်မာနိုင်ငံမှာရှိနေသေးပေမယ့် သူတို့ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ရုပ်သိမ်းကြောင်း ကြေညာထားပြီး၊ ရှယ်ယာပိုင်ဆိုင်မှုတွေကို လျှို့ဝှက် သိုသိပ် တဲ့ ကနေဒါကုမ္ပဏီ MITဆီ ရောင်းချနေပါတယ်။

၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့တဲ့ TotalEnergies နဲ့ မျိုးမြင့်ဦးရဲ့ မိသားစုဝင်တွေအကြား စီးပွားရေး လုပ်ဆောင်ပတ်သက်မှုတွေက အထူးသဖြင့် ပြဿနာနေကြောင်းလည်း JFM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှာ EQM က TotalEnergies အတွက် ပတ်ဝန်းကျင်လေထု အရည်အသွေး စောင့်ကြည့်လေ့လာရေး ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့ပြီး၊ အဲ့ဒီဝန်ဆောင်မှုက ၂၀၂၂ ခုနှစ်မှာ ပြီးမြောက်ခဲ့ကြောင်း ဖော်ပြ ထားပါတယ်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ TotalEnergies က မျိုးမြင့်ဦးရဲ့ သမီးဖြစ်သူ လင်းဟေသီဦးကို ကုမ္ပဏီရဲ့ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနဲ့ သဘာဝ ပတ်ဝန်း ကျင်ဌာနမှာ ငါးလကြာ အလုပ်သင်ဆင်းခွင့် ပေးအပ်ခဲ့တယ်လို့ လင်းဟေသီဦးရဲ့ Linkedin Profile အရ သိရပါတယ်။

မျိုးမြင့်ဦးရဲ့ သမီးဖြစ်သူဟာ ဩစတြေးလျနိုင်ငံမှာ ပညာသင်ယူနေပြီး၊ သူမရဲ့ ဖခင်ဖြစ်သူ ရာထူး၊ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ငွေကြေးအရ အကျိုးအမြတ်တွေ ရရှိနေနိုင်ပါတယ်။ ဒါကို ဩစတြေးလျ အာဏာပိုင် တွေအနေ နဲ့ စုံစမ်းစစ်ဆေးသင့်ကြောင်း JFM က တောင်း ဆိုထားပါတယ်။

ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့အနေနဲ့ မျိုးမြင့်ဦး၊ ဒေါက်တာဥမ္မာမေတင်လှိုင်၊ EQM ကုမ္ပဏီ၊ MOGE နဲ့ မြန်မာ့ရေနံ ဓာတုလုပ်ငန်း (MPE) တို့ကို အာဏာပိုင်နယ်မြေ တစ်ခုချင်းမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ Justice For Myanmar က တောင်းဆိုပါတယ်။

မျိုးမြင့်ဦးမိသားစုနဲ့ ပတ်သက်ဆက်နွှယ်မှုအပေါ် Jutice For Myanmar က မေးမြန်းမှုများကို TotalEnergies နဲ့ PETRONAS တို့က တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ဘူး လို့ ဆိုပါတယ်။ POSCO International က EQM ရဲ့ လုပ်ငန်းရှင် မိတ်ဖက်ဖြစ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ နောက် ထပ်မေးမြန်းမှုတွေကို တုန့်ပြန်ဖြေကြားခြင်း မရှိခဲ့ဘူးလို့ လည်း JFM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s