ဥရုချောင်းအတွင်း နှိပ်စက်ခံဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသား ၁ ဦး၏ အ လောင်းတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာရွာက ဥရုချောင်းအတွင်း မေ ၂၁ ရက် နေ့လယ်ပိုင်းက ရေစီးနဲ့ မျောပါလာတဲ့ အမျိုးသား ၁ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၅၀ အရွယ်လောက်ရှိ အဲဒီအမည်မသိ အလောင်းရဲ့ ရင်ဘတ်နဲ့ ကျောကုန်းမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို တွေ့ရတယ်လို့  ဒေသခံအမျိုးသား တဦးက ပြောပါတယ်။ 

“ဥရုချောင်းထဲမှာ မျောလာတာ။  ညနေ ၃ နာရီလောက်က တွေ့တာ။  အလောင်းမှာ အဝတ်အစား မပါဘူး။ ရင်ဘတ် ကျောကုန်းမှာ နှိပ်စက် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။  ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။ သင်္ဂဟ လူမှုကူညီရေးအသင်းက မီးသဂြိုဟ်ပေးမယ်။”

မေလအတွင်း ဖားကန့် မြို့နယ်မှာ  အမည်မသိအလောင်းတွေ တွေ့ရှိနေပြီး မေ ၁ ရက် မရှီကထောင် တံတားနားမှာ အမျိုးသားအလောင်း ၁ လောင်း၊ မေ ၅ က မြောက်ဖြူရွာနားမှာ အမျိုးသား ၂ ဦး အလောင်း၊ မေ ၆ ရက်က မှော်စီစာရွာနားမှာ အမျိုးသား ၂ ဦး အလောင်းနဲ့ မေ ၉ ရက်က မရှီကထောင်ရွာနားမှာ နောက်ထပ် အမျိုးသားအလောင်း ၁ လောင်း တွေ့ရှိခဲ့တာပါ။    DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s