ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂နှစ်စီချမှတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင်လေးဦးကိုစစ်ကောင်စီက ထောင်ဒဏ် နှစ်နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်းကလေးမြို့ခံတချို့ဆီမှ သိရသည်။

ကလေးမြို့၊ အမျိုးသမီးသပိတ်စစ်ကြောင်းမှ သပိတ်ဦးဆောင်သူတစ်ဦးဖြစ်သော မအိစံအပါအဝင် မကျင်ဒိတ်ကင်၊ ကိုမျိုးကိုဝင်း၊ ကိုသန်းစိုးဦးတို့ကို ထောင်ဒဏ်များချမှတ်ခဲ့ခြင်းဟု အမျိုးသမီး မဟာမိတ်အင်အားစု (WAB) မှ မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ ထောင်ဒဏ်ချလိုက်တယ်လို့ကြားတယ်။ နောက်ပြီး ထပ်တိုးအမှုကြီးတွေနဲ့ ဆွဲထားတယ်လို့လည်း ကြားမိတယ်။ ဘာပုဒ်မ၊ ဘယ်လိုအမှုဆိုတာတော့ သေချာမသိဘူး ” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သပိတ်အဖွဲ့ဝင်လေးဦးနှင့်အတူ အခြားအဖွဲ့ဝင် မိသားစုဝင်အချို့ပါ အဖမ်းခံခဲ့ရသော်လည်း မိသားစုဝင်များမှာ ပြန်လည်လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်းဆိုသည်။

အဖမ်းအဆီးခံရပြီးနောက်တွင် မအိစံနှင့် ကိုမျိုးကိုဝင်းတို့နှစ်ဦးတွင် နှိပ်စက်ခံရသည့် ဒဏ်ရာများကို သိသိသာသာတွေ့ရှိခဲ့ရကြောင်း WAB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ လေးဦး၏ ကျန်မားရေးအပါအဝင် အခြေအနေအသေးစိတ်ကို မဇ္စျိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီး၍ နှိပ်စက်ခံရသော ၎င်းတို့၏ အဖွဲ့ဝင်များအတွက်သာမက ပြည်သူအားလုံးအတွက် မတရားမှုမှန်သမျှကို ဆက် လက်ကြိုးပမ်းတိုက်ထုတ်သွားမည်ဖြစ်ကြောင်း အမျိုးသမီးမဟာမိတ်အင်အားစု က အသိပေးထားသည်။

မအိစံနှင့်အတူ မကျင်ဒိတ်ကင် ၊ ကိုမျိုးကိုဝင်း ၊ ကိုသန်းစိုးဦးတို့သည် ဧပြီလ ၁၆ ရက် နေ့လယ် ၂ နာရီခန့်တွင် ကလေးမြို့ ၊ ဗိုလ်ချုပ်လမ်းပေါ် ၌ အတာရေအိုးများတွင် “တော်လှန်သင်္ကြန်” စာသားများရေးပြီး ကိုင်ဆောင်ဆန္ဒပြစဉ် စစ်ကောင်စီတပ်မှ သေနတ်ဖောက်ဖြိုခွင်းပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီးမှုအပြင် ဧပြီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် မအိစံ၊ မကျင်ဒိုကင်နှင့် အခြားသပိတ် အင်အားစုဝင်ဖြစ်သော ကိုထန်ရှန်ကစ်ပ်၊ မပွားလေးတို့၏ နေအိမ်များကို စစ်ကောင်စီတပ်က အဓမ္မအင်အားသုံးဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s