စစ်ကိုင်းမြို့နယ်ရှိ ပဒူတိုက်နယ်ရဲစခန်းကို PDF တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ထားဝယ်တွင် စစ် ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ပဒူတိုက်နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက သိမ်းပိုက်ပြီး အချုပ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့​ကာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသ) ထံမှ သိရသည်။

မေလ ၂၂ ရက်နေ့တွင် ပဒူတိုက်နယ် ရဲစခန်းကို နံနက်ပိုင်းတွင် ဝင်ရောက် တိုက်ခိုက်နေစဥ် အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ၁ ကြိမ်၊ နေ့လည်ပိုင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဥ်ဖြင့် ၁ ကြိမ်၊ ညနေပိုင်းတွင် Mi 17 ရဟတ်ယာဥ်ဖြင့် လူချကာ Mi 35 ရဟတ်ယာဥ်ဖြင့် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပဒူတိုက်နယ် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့သော PDF စုပေါင်း တပ်ဖွဲ့သည် စခန်းအတွင်းထဲသို့ ဝင်ရောင်နိုင်ခဲ့ပြီး အချုပ်ဆောင်ကို မီးရှို့နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း PDF စုပေါင်း တပ်ဖွဲ့ဘက်မှ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း 96 Soldiers-PDF (အညာဒေသ) ထံမှ သိရသည်။

အဆိုပါ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာတွင် တိုက်နယ် စွန်ရဲ PDF တပ်ဖွဲ့လည်း ပါဝင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူရှိသောကြောင့် လေယာဥ်ဖြင့် လာရောက် ပစ်ခတ်ကြောင်း သိရသည်။

“မနေ့က စစ်ကူခေါ်လို့ တပ်စိပ် ၂ စိပ်ကျော်သွားရောက်ခဲ့ပါတယ်။ ဝင်ရောက်တိုက်ခိုက်မယ့်လမ်း ကြောင်း အစည်းအဝေးတွေလုပ်ပြီး ကင်း ပုန်း ချစောင့်ကြည့်နေခဲ့တာ၊ မနေ့ည ၈ နာရီလောက်က တိုက်လေယာဉ်တစ်စီးပျံဝဲခဲ့သေးတယ်၊ တိုက်တာက ဒီနေ့မနက်မှ ဝင်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ အထိနာလို့ လေယာဥ်နဲ့ လာပစ်တယ် စစ်တပ်တွေဘက်က သေဆံးမှု ရှိပေမယ့် အရေအတွက် အတည်မပြုနိုင်သေးဘူး” ဟု တိုက်နယ် စွန် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် အထိနာသော အကြမ်းဖက်စစ်တပ်မှ ညနေ ၄ နာရီခန့်တွင် စစ်ကိုင်းမြို့၊ တပ်မ ၃၃ မှ အကြမ်းဖက်စစ်သား ၁၀၀ ခန့် အင်အားထပ်ဖြည့်ကာ ကျေးရွာအတွင်းရှိ ပြည့်သူနေ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူထိခိုက်မှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်မိုင်းဆွဲပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၀ ရက် ည ၇ နာရီ ၁၀ မိနစ်ခန့်က ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာနှင့် ဥယျာဉ်ကျေးရွာ ကြားရှိ (ဒေသအခေါ်) မိကျောင်းအိုင်ဘုရားအနီး အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်း ဖက် စစ်သားများကို ထားဝယ်စုပေါင်းစစ်ကြောင်းမှ ရှေ့ထွက်မိုင်းအကြီး တစ်လုံးဖောက်ခွဲ၍ ၄၀ မမ ဗုံးသီးများ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ဒဏ်ရာတဲ့ကောင်က ၁၈ ကောင်၊ သေတဲ့ကောင် ၄ လောက်ပဲ သိထားရသေးတယ်၊ အခုသိရတာထက် တော့ပိုနိုင်တယ်၊ ကျနော်တို့လည်း အတိအကျမှ ချပြချင်တာ၊ အဲဒီစစ်ခွေးတွေက ပကာရီ ၈ မိုင်၊ ဥယျာဉ် ကြီးရွာနားတဝိုက်မှာပဲရှိသေးတယ်၊ အိမ်တစ်လုံးကို မီးရှို့သွားတာ အကုန်ပြာကျသွားတယ်၊ အိမ်က တိုက်တစ်ပိုင်း၊ သစ်အိမ်တစ်ပိုင်းဆောက်ထားတာ၊ အုတ်နံရံတွေပဲ ကျန်တယ်” ဟု ထားဝယ်စုပေါင်း စစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်အား နယ်မြေရှင်းလင်းရေးဆောင် ရွက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အသုံးပြုသော ၆၀ မမ ဗုံးသီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ ဗုံးသီး အခွံများ၊ ကျည်အိမ် ၂ ခုနှင့် ကျည်ဆံအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနေရာအနီးတဝိုက် တွင် ထိခိုက်သေဆုံးဒဏ်ရာစစ်သားများထံမှ ကျန်နေရစ်ခဲ့သည့် သွေးကွက်များလည်း တွေ့ရှိခဲ့ရကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s